Part (15)

773 57 13
                                    

🖤ကျနော် ချစ်ရသော ညီ ❤
       အပိုင်း(15)

🖤 ဒီတစ်ညနေလုံး ညီလေး ပျောက်တာ စသိတာနဲ့တစ်ပြိုင်နက် လူက ဆောက်တည်ရာမရ ရင်တွေပူလျှက် စိတ်ရှိတိုင်းသာဆို ဘာကိုမှဂရုမစိုက်ဘဲ တစ်လောကလုံးကိုမြေလှန်ရှာပစ်လိုက်ချင်တယ်...

ဒါပေမဲ့လဲ လက်တွေ့မှာတော့ ဘာမှမစွမ်းဆောင်နိုင်တဲ့အပြင်
ငုတ်တုတ် ထိုင်ပီး ငိုနေရုံသာတတ်နိုင်တဲ့ ကိုယ့်ကိုကိုယ်စိတ်ပျက်အားငယ်မိတယ်...

ဒါတောင် ငါသူ့ကို စောင့်ရှောက်မယ်တဲ့လား
ကာကွယ်မယ်တဲ့လား ငါတကယ်ကို အသုံးမကျတဲ့သူဘဲ...

ညီငယ်တစ်ယောက်လုံး အန္တရာယ်နဲ့ကြုံနေတာကို ငါဘာမှမလုပ်နိုင်ဘူးဘယ်ကိုသွား
အကူညီတောင်းရမှန်းလဲမသိဘူး...

ဒီလိုအချိန်မှာ ပထမဦးဆုံးစဉ်းစားမိတာက သူငယ်ချင်း Pone တစ်ယောက်သာ.........

လွန်ခဲ့တဲ့ 1 နာရီခန့်က Pone နဲဖုန်းပြောခဲ့ရတယ်
သူကတော့စိတ်မပူဖို့နဲ့ သူကြိုးစားရှာပေးမယ်ဆိုပီး အားပေးရှာတယ်...

ကျနော့်ကိုတော့ ဘာမှမလုပ်ဘဲ စိတ်အေးအေးထားဆိုလို့သာ ငြိမ်နေရပေမဲ့ လူက ထိုင်မရ ထမရ ဖြစ်နေပီ Pone ဆီကလဲ ဘာသံမှမကြားရသေး🖤

တီတီ 🚗
*ဟော ပြောရင်းဆိုရင်း ဒီကောင်ရောက်လာပီ*

"ဟေး Perth"
"Pone သူငယ်ချင်းရောက်လာပီလား  စုံစမ်းတာအခြေအနေ ဘာထူးလဲ ငါ့ညီ တစ်ခုခုဖြစ်နေလား ဘာသတင်းရလဲပြောပါဦးကွာ ...

"ဟေး Perth စိတ်ထိန်းဦး.....
အခုမင်း ပုံစံက အသိစိတ်လွတ်နေတဲ့လူလိုဘဲ
မင်းကိုအရမ်း စိတ်မပူဖို့ပြောထားတာကို
မင်းညီဘယ်မှာရှိလဲဆိုတာ ငါသိရပီ...

"ဟင် ဟုတ်လား ဘယ်...ဘယ်မှာလဲ"

"မြို့စွန်က စက်ရုံပျက်တွေရှိတဲ့နေရာမှာ လာကားပေါ်အရင်တတ်
သွားရင်းပြောကြမယ်...

"အေး ဟေ့ကောင် Pone ငါ့ကိုပြောစမ်းပါ ဒါဘယ်သူ့လက်ချက်လဲ ငါ့ညီက ငယ်ငယ်ထဲကအေးဆေးသမား
ဘယ်သူနဲ့မှ ပြသနာမဖြစ်ဖူးဘူး
အခုလိုလုပ်တာက......

"Tom ရဲ့ လက်ချက်ဘဲ Perth"

"ဘာ ဘယ်သူ..Tom ဟုတ်လား
ငါ့ညီ နဲ့ သူနဲ့ ဘာရန်ညိုးရှိလို့လဲ
ဒီကောင့် လုပ်ရပ် လွန်လာပီ...

🖤ကျနော် ချစ်ရသော ညီ ❤Where stories live. Discover now