Part 11

857 70 6
                                    

🖤ကျတော် ချစ်ရသော ညီ ❤
        အပိုင်း(11)

မနက်ခင်းအာရုံတတ်ချိန်  ရင်ခွင်ထဲက ကလေးပေါက်လေးရဲ့တို့ဝှေ့မှုကြောင့် ကျနော့် စိတ်တို့ကြည်နူးစွာနဲ့ နိုးထရတယ်❤

အော် ညတုန်းက ဒီကလေးပေါက် ငါ့ကို သူနဲ့အတူတူအိပ်ဖို့ ပူဆာနေခဲ့တာ
တကယ့်ကိုကလေးလေးလို မျက်နှာလေးနဲ့ပူဆာခဲ့တာ❤

ဒီတိုင်းပူဆာရုံတင်မဟုတ်ဘဲ သီချင်းပါဆိုသိပ်ခိုင်းခဲ့သေးတယ်လေ❤

ဒီကလေးကိုနောက်ဆုံး သီချင်းဆိုသိပ်ခဲ့တာ သူ 3 နှစ်ခွဲ အရွယ်လောက်ထိ ဆိုပါတော့❤

နောက်ပိုင်းတွေမှာတော့ ပုံပြင်ပြောပီး သိပ်ခဲ့ရတယ် သူ့ အသက် 8နှစ်ဝန်းကျင်အထိ အိပ်ခါနီးတိုင်း သီချင်းဆိုသိပ်လိုက် ပုံပြောသိပ်လိုက်နဲ့ အမေတစ်ယောက် တာဝန်ယူခဲ့ရတယ်❤

သူငယ်ငယ်က ကျတော်ကလွဲပီး တစ်ခြားလူသိပ်ကပ်လို့မရခဲ့
နောက်ပိုင်း အရွယ်ရောက်လာတော့ လူကြီးစိတ်လေးဖြစ်လာကာ ကျနော် သီချင်းဆိုသိပ်တော့❤

ကိုကိုသားကကလေးမဟုတ်တော့ဘူး

ဆိုပီး အသိပ်မခံတော့တာ အခုချိန်ထိ
ဒါပေမဲ့ မနေ့ညကမှ ဒီကလေး
ထူးထူးခြားခြား သီချင်းဆိုသိပ်ခိုင်းတယ်❤

အခုကျတော့လဲ သူမဟုတ်သလို အိပ်နေတာ
နှစ်နှစ်ြခိုက်ခြိုက်ပါဘဲလား❤

အိပ်ပျော်နေတဲ့ ကလေးကိုကြည့်ရင်း
ကျတော် တွေးမိလိုက်တာလေးက

ဒီလိုလေးဘဲကောင်းပါတယ် ဒီတိုင်းလေးဘဲ အကြာကြီးနေချင်တယ်❤

ညီငယ်နားရောက်ရင် ပြင်းထန်နေတဲ့ ရင်ထဲက အချစ်စိတ်တွေက တားဆီးလို့မရ
သူ့အနားရောက်ရင် ဖြူထွေးနေတဲ့ သူနှုတ်ခမ်းလေးကို အမိအရနမ်းချင်စိတ်တို့က ထိန်းမရ💓

ဒါပေမဲ့ တားဆီးမရတဲ့ခံစားချက်တို့ကို သော့ခတ်သိမ်းလိုက်ပီးတော့ ညီငယ်နားမှာ
အကိုကြီးအဖရာတာဝန်ကိုဘဲ ကျေပွန်အောင်ဆက်လက်ထမ်းဆောင်တော့မယ်လို့ ဆုံးဖြတ်ချက်ချမိတော့တယ်😌

မနေ့က ကလေး ပြောသလိုပေါ့👨‍👦

↩️↩️↩️↩️↩️↩️↩️↩️

🖤ကျနော် ချစ်ရသော ညီ ❤Tempat cerita menjadi hidup. Temukan sekarang