Extra (1)🚨🚨🚨

1.1K 68 14
                                    

🖤ကျနော် ချစ်ရသော ညီ❤
Extra 1

အရာအားလုံး ပီးဆုံးခဲ့ပီ
အခက်ခဲတွေလဲ ဖတ်ကျော်ခဲ့ပီ
ကြေကွဲစရာ ပူဆွေးစရာ ဝမ်းနည်းစရာ
အရာအားလုံးပီးဆုံးသွားချိန် နောက်ဆုံး
ကျနော့်ဘေးမှာ ဘာနဲ့မှမလဲနိုင်တဲ့ ဒီလူသားလေးကျန်နေခဲ့တယ် သူကတော့ ကျနော် သိပ်ချစ်ရတဲ့ ညီ ပေါ့

ပြေးရင်းလွှားရင်း ဆော့ကစားနေသူလေး
အခုတော့ မောသွားပီထင်ပါ့

ကျနော့် ပုခုံးလေးမှီ အမောဖြေလို့ အဝေးကိုငေးနေတဲ့ သူ့မျက်နှာ နုနုလေးကိုတဝကြီးကြည့်ရင်း
ဒီလူသားလေးကို ပိုင်ဆိုင်ခွင့်ရလို့
ကမ္ဘာပေါ်က ရှိရှိသမျှသော နတ်ဒေဝါအပေါင်းကို ကျေးဇူးတင်မိ

တစ်စုံတစ်ရာကိုတွေးတောဟန်ပြုနေတဲ့ သူလေးရဲ့မျက်နှာ နုနုလေးကို အပေါ်စီးကနေသေချာကြည့်လိုက်မိတော့

ဒီခလေးက ကြီးလာမှ ပိုပို ချောလာတာခက်တယ်

ယောက်ျားလေးတန်မဲ့ ဖြူဝင်းတဲ့အသားရေ
မျက်တောင်ရှည်ရှည်စင်းစင်းလေးနဲ့
နှာတံသွယ်သွယ် ဝင်းအိဖောင်းအစ်နေတဲ့ ပါးမို့မို့လေးနှစ်ခုနဲ့အတူlip မဆိုးဘဲ ရဲနေတဲ့ နှင်းဆီဖူးရောင် နှုတ်ခမ်းသားလေးတို့က သူ့မျက်နှာ အလှတရားကို ပံ့ပိုးနေသယောင်
သေချာအနီးကပ်ကြည့်တော့ နှုတ်ခမ်းထက်က အမွှေးနုရေးရေးလေး တကယ့်ကို နတ်သားလေးတစ်ပါးအလား လှပနိုင်လွန်းသူ

"ကိုကို.........

"ဗျာ ကလေး......

"မေမေက ဘယ်လိုပုံစံလဲ ဟင်"

"ထူးထူးဆန်းဆန်း မေမေ အကြောင်းကို မေးလို့ပါလား ဘာလို့လဲ ခလေး"

"ဘာလို့ရယ်မှမဟုတ်ပါဘူး မေမေ့ကို မမြင်ဖူးလိုက်ပေမဲ့လဲ အခုလိုချိန်လေး မေမေရယ် ဖေဖေရယ် အဘွားရယ် ကိုကိုရယ် အကုန်အတူတူရှိခွင့်ရရင် ကောင်းမယ်တွေးမိလို့်ပါ"

"အင်းးး မေမေကလား သိပ်နူးညံ့ပီး သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးပေါ့
လှလဲလှတယ် တစ်ဖက်သားကို ကြင်နာတတ်တယ်
သည်းခံတတ်တယ် ဖြူစင်တယ်
ကိုကို့ ခလေးက မေမေ့ဆီက အမွေအကုန်ရထားတာ သိလား"

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Feb 05, 2020 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

🖤ကျနော် ချစ်ရသော ညီ ❤Dove le storie prendono vita. Scoprilo ora