Part 7

860 70 12
                                    

🖤ကျတော် ချစ်ရသော ညီ ❤
အပိုင်း(7)

👨‍🎓ဒီနေ့ ကျနော် ဘွဲ့ယူရတဲ့နေ့👨‍🎓

အော် ဘာလိုလိုနဲ့ မေမေ ကျနော်တို့ကို ထားခဲ့တာ
အခုဆို10 နှစ်တောင်ရှိခဲ့ပီ

ညီလေးတောင် အလယ်တန်းရောက်လို့
လူကြီးပေါက်စလေးဖြစ်နေပီ
ကျနော်လဲ နောက်ဆုံးနှစ်ပီးလိုဘွဲ့တောင်ယူရပီလေ

ဒီနေ့ ဘွဲ့ယူတဲ့နေ့
ဒီတစ်ရက်လေးတော့ ဖေဖေ လာမယ်လို့ မျှော်လင့်မိပါတယ်.........

👨‍🎓👨‍🎓👨‍🎓👨‍🎓👨‍🎓👨‍🎓👨‍🎓👨‍🎓👨‍🎓

ဘွဲ့နှင်းသဘင်အခမ်းအနားထဲမှာ ဘွဲ့လက်မှတ် ယူပီးလို့
မိသားစုစုံလင်စွာ ဓာတ်ပုံတွေရိုက်ကြ ပြေးလွှားကြနဲ့ ပျော်ရွှင်နေတဲ့သူတွေ မြင်ပီး ဒီတစ်ကြိမ်တော့ ဖေဖေ့ကိုပါ စိတ်ကုန်မိတယ်

ဒါဟာ နောက်ဆုံးအကြိမ် တကယ်နောက်ဆုံးအကြိမ်ပါ ဖေဖေ

ဟိုအရင် ကျောင်းတတ်စဉ် နှစ်တွေတိုင်းမှာ ကျနော်စာတင်မက အဖက်ဖက်မှာထူးခွုန်အောင်ကြိုးစားခဲ့တယ်

နှစ်တိုင်းဆုတွေလဲ အများကြီးရခဲ့တယ် ဒါပေမဲ့ ဆုပေးပွဲတိုင်း ဖေဖေ ပေါ်မလာခဲ့

မေမေ မရှိတော့တဲ့နောက်ပိုင်းကစလို့
ဖေဖေဟာ သေလူတစ်ယောက်လို ဘဝကိုအရူံးပေးပီး နေ့စဉ် အရက်ကိုသာ အဖော်ပြုရင်း ကုန်ဆုံးခဲ့တယ်

ဖေဖေ့ ဘဝမှာ ကျနော်တို့ ညီကို 2 ယောက်က သူ့အတွက်အရေးမပါတော့သလိုပင်

အဖွားဖြစ်သူကလဲ အခုချိန်ထိ ကျနော့်ကိုအမြင်မကြည် ဒါလဲဖြစ်သင့်ပါတယ် ကျနော်ကိုယ်တိုင်ကလဲ အဖွားကို မုန်းနေမိတာမဟုတ်လား

အခုလဲ ထုံးစံအတိုင်း ဖေဖေရောက်မလာခဲ့ပါ

ဖေဖေ... ဖေဖေ့အတွက်
သားကဘာလဲ ဟင်......
😞😞😞

"ကိုကိုရေ... ကိုကို
ဟင် ညီ ဘာလာလုပ်တာလဲ
အော် မမ ဘကြီး လဲပါလာတယ်

"အို ငါ့မြေးကြီး ဘွဲ့ယူတာဘဲ လာရမှာပေါ့

"ရော့ မောင်လေး💐 Congratulation ပါနော်
မမတို့ နောက်ကျသွားလို့ ခေါ့ထော
လမ်းမှာကားတွေအရမ်းပိတ်နေလို့"

🖤ကျနော် ချစ်ရသော ညီ ❤Where stories live. Discover now