Part 9

932 71 14
                                    

🖤ကျနော် ချစ်ရသော ညီ ❤
အပိုင်း (9)
ဒီတစ်ပိုင်း နည်းနည်းဆွိချင်ပါတယ် ဆွိခွင့်ပေးပါ 😁

အချိန်ကား ည 10နာရီ ခွဲ🕥🕥

ကိုကို ဒီနေ့လဲ နောက်ကျဦးမှာလား
ခါတိုင်းဆို ညနေ 5နာရီဝန်းကျင်ဆို ပြန်ရောက်တတ်တဲ့ကိုကို
အခုရက်ပိုင်းတော့ ပြန်လာတာ တော်တော်လေးကိုနောက်ကျတယ်

အဟင့် ကိုကို ဘာဖြစ်နေတာလဲ တကယ် အလုပ်ရှုပ်နေလား ဒါမှမဟုတ် ကိုကို ရည်းစားတွေများရနေတာလား
အခုနောက်ပိုင်းသူ့မျက်နှာကို မြင်ရဖို့ တော်တော်ခဲယဉ်းတာဘဲ😥

🚕ဟော ကားသံကြားတယ်

လူကအတွေးတွေနဲ့ ယောက်ယက်ခတ် နေတုန်းအိမ်ရှေ့ကကားသံကြားမိလို့ ပြတင်းပေါက်ကနေချောင်းကြည့်တော့

ဟင်တက္ကစီ ဘယ်လိုဖြစ်တာလဲ သူ့ကားကော
ဘာလဲ အရက်သောက်လာတာလား
မဖြစ်နိုင်လောက်ပါဘူး ကိုကိုက အရက်မသောက်တတ်ပါဘူး

ကားပေါ်ကနေ ဒယီးဒယိုင် နဲ့ ဆင်းလာတဲ့ ကိုကို့ ကိုကြည့်ပီး ပြေးကူမလို့စဉ်းစားပေမဲ့

*ငါ ပြေးကူလိုက်ရင် သူ့ကိုမအိပ်ဘဲ စောင့်နေတယ် ထင်မှာပေါ့
မကူဘူး ကြည့်နေ ကွကို တတ်လာခဲ့ အရူး ကိုကို

ဟင့် ရောက်လာလို့
လာချော့ရဲရင် ချော့ကြည့် ငါနဲ့တွေ့မယ် ငါ အိပ်ချင်ယောင်ဆောင်နေမှ😴

😴😴😴😴😴

အားး မူးထှာ ကောင်းကင်ကြီးကလည်နေသလိုဘဲ
ငါ အများကြီးမသောက်ထားဘဲနဲ့ကို
အော် အိမ်တောင်ရောက်ပီလား အေ့🥴

သောက်ထားတဲ့အရှိန်နဲ့ အိမ်ကိုဘယ်လိုပြန်ရောက်သွားမှန်းတောင်မသိ အိမ်ထဲလှမ်းကြည့်လိုက်တော့ ဟိုကလေးပေါက်က ပြတင်းပေါက်ကနေချောင်းကြည့်နေလေရဲ့

လွမ်းလိုက်တာ ကလေးပေါက်ရယ်
ကို့ ကလေးကို အရမ်းလွမ်းတာဘဲ❤

သူ့ကိုလွမ်းတဲ့စိတ်နဲ့ လူက ယိုင်တိယိုင်တိုင် လူကသာယိုင်နေတာ ခြေလှမ်းတွေကတော့ ကလေးရှိတဲ့ အခန်းလေးထဲ တည့်တည့်မတ်မတ်ပင်

အခန်းထဲရောက်တော့
အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးပေါက့်ဘေးနား ဝင်လှဲလိုက်ရင်း သူ့ကိုယ်ငွေ့လေးကို
မသိမသာ နမ်းရှိုက်မိလိုက်တယ်❤

🖤ကျနော် ချစ်ရသော ညီ ❤Where stories live. Discover now