♠1♠

88.1K 3.6K 543
                                    

(Unicode)

"တောက်၊ ကားကလည်း အခုချိန်မှပျက်ရလား"

ဒီနေ့ မိမိတို့ Jeon group က Kim group CEO ကင်နမ်ဂျွန်းနဲ့ အတူ စာချုပ်ချုပ်ရမည့် အစည်းအဝေးက အချိန်အလွန်နီးကပ်နေကာ အရမ်းအရေးကြီးနေပြီဖြစ်သည်။ အဲ့အချိန်မှာမှ ကားကပျက်သွားတော့ ဂျောင်ဂုဘာလုပ်ရမှန်းမသိဖြစ်ရသည်။

နောက်ဆုံးတော့လည်း အတွင်းရေးမှူးကိုသာ ဖုန်းဆက်ပြီး ကားကို ဝပ်ရှော့ပို့ခိုင်းရတော့သည်။ ဂျောင်ဂုမှာ‌တော့ အစည်းအဝေးနောက်ကျမှာစိုးသည်မို့ တွေ့ရာ လိုင်းကားပေါ်သာ အမြန်တက်လိုက်သည်။

ဒါက ပထမဆုံးအကြိမ် လိုင်းကားစီးဖူးခြင်း။ မွေးကတည်းက ဒီနေ့အထိ ကိုယ်ပိုင်ကားနဲ့သာ ခပ်ကျော့ကျော့ သွားလာခဲ့တာ ဒီနေ့တော့ ကံဆိုးတယ်ပဲ ဆိုရမလား။

ကံကောင်းချင်တော့ ကားကလူချောင်ပြီး ခုံအလွတ်တော်တော်များများ ရှိသည်။ ဂျောင်ဂုလည်း နောက်ဆုံးထိုင်ခုံကို လှမ်းကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ပဲရှိတာကြောင့် ထိုကောင်လေးဘေးမှာ အသာဝင်ထိုင်လိုက်သည်။

ဒေါသကြောင့် တစ်ကိုယ်လုံး ပူထူနေတော့ လေဝင်လေထွက်ရစေရန် ဘေးက ကောင်လေး ကိုကျော်ပြီး ကားပြတင်းပေါက်မှန်ကိုဖွင့်လိုက်သည်။

"ဟာ..ဦးလေးကြီး၊ ဒီလောက်အေးနေတာကို"

ဘေးက ကောင်လေးက ဂျောင်ဂုဘက်ကို လှည့်ကာ စိတ်မရှည်တဲ့ လေသံနဲ့ပြောသည်။ မှန်ပါတယ်၊ ဆောင်းရာသီကြီးအေးတာပေါ့။

ဒါပေမဲ့ ဒေါသကြောင့်လူကတော်တော်ပူနေပြီ။ ဒီကြားထဲ ၂၁ နှစ်အရွယ်သူ့ကို ဦးလေးကြီး အခေါ်ခံလိုက်ရတော့ ဒေါသတွေကထောင်းခနဲ။

ဂျောင်ဂုတစ်ခုခုပြန်ပြောဖို့ ကောင်လေးကို လှည့်အကြည့် ပြောစရာစကားတွေ ပျောက်ရှသွားခဲ့သည်။

ကောင်လေးရဲ့မျက်လုံးလေးတွေက တောက်ပနေပြီး မျက်တောင်လေးက ကော့စင်းနေသည်။ နှာတံလေးက ဖြောင့်တန်းကာ ပါးဖောင်းဖောင်း နှုတ်ခမ်းဖူးဖူးလေးနဲ့ တကယ်ပဲ ချစ်ဖို့ကောင်းတဲ့
ကလေးတစ်ယောက်။

CEO With A Boy [Completed]Where stories live. Discover now