♠4♠

24.4K 2.6K 229
                                    

(Unicode)

ထယ်ယောင်းအခန်းထဲကနေ အောက်ထပ်က စကားသံတွေကို ခိုးနားထောင်နေသည်။

ဂျောင်ဂုပြန်သွားပြီဆိုတဲ့ အသံကြားတော့မှ အခန်းထဲကထွက်လာပြီး အောက်ထပ်ကို ပြန်ဆင်းလာတော့သည်။

Omma က ထယ်ယောင်းကိုတွေ့တော့

"သား ဘာလို့ ထမင်းနဲနဲပဲစားတာလဲ၊ သားကြိုက်တဲ့ဟင်းချက်ပေးထားတာကို"

"သား သိပ်မဆာလို့ပါ"

လိမ်ပြောရတာပါ။ တကယ်က ဆာလွန်းလို့ သေတော့မယ်။ အဲ့ဒါ ဟိုလူကြီးကြောင့်။ အပြင်ထွက်ပြီး စားတာပဲကောင်းတယ်။

"Omma ရေ..သား အပြင် ခဏထွက်ဦးမယ်"

"အင်း..အင်း၊ သိပ်မကြာစေနဲ့နော်"

"ဟုတ်"

Omma ရဲ့ခွင့်ပြုချက်ရတာနဲ့ ဂိုဒေါင်ထဲက စက်ဘီးလေးကို ယူကာ စားသောက်ဆိုင် တစ်ခုခုကို သွားရတော့သည်။

လမ်းထိပ်က store ဆိုင်လေးရှေ့ ဖြတ်သွားရင်လည်း Gucci ဖိနပ်လေးက သူ့ကိုဆွဲဆောင်နေပြန်ရော။

"ထယ်ယောင်း"

အနောက်က အော်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တယ်။

"ဟိုဆော့ hyung...ဝါး. Mickey လည်းပါတာပဲ"

(mickey က ခွေးလေးနော်)

"အင်း..ဟုတ်တယ်၊ဒါနဲ့ မင်းကဘယ်သွားမလို့လဲ"

"တစ်ခုခုသွားစားမလို့လေ"

"ငါလည်းလိုက်မယ်"

"Yrr...မလိုက်နဲ့၊ လိုက်ချင်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားနော်၊ ဟိုတစ်ခါ hyung ကိုဝယ်ကျွေးလိုက်တာ ကျွန်တော့်ရဲ့ gucci လေးတွေ မဝယ်လိုက်ရဘူး"

ဟိုဆော့က အားရပါးရရယ်လိုက်ပြီး

"အမလေး ထယ်ယောင်းရယ်၊ ငါ့ထက် Gucci ကို ပိုချစ်နေတာလား ဟားဟား၊ မင်းရဲ့ ချစ်သူကိုတော့ ကြိုသနားလာပြီ"

"နိုး..နိုး၊ ကျွန်တော်က လုံးဝ ချစ်သူရည်းစား မထားဘူး"

"အေး..ငါမှတ်ထားမယ်၊ မင်းစကားကို"

ထယ်ယောင်းလည်း ဟိုဆော့ကို မျက်စောင်း
တစ်ချက်ထိုးကာ စက်ဘီးပေါ်ပြန်တက်ပြီး
ထွက်လာတော့တယ်။

CEO With A Boy [Completed]Where stories live. Discover now