(Unicode)
နေ့လည် 1 နာရီပင်ကျော်လေပြီ။ ဂျောင်ဂုအလုပ်တွေက မပြီးသေး။ Design တွေကို သဘောမကျတာကြောင့် အကုန်ပြန်ပြင်ဆွဲနေရခြင်းဖြစ်သည်။
ထယ်ယောင်းကတော့ ဂျောင်ဂုရဲ့ရင်ခွင်ထဲမှာပဲ အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။
တင်းတောင်..
တံခါးဘဲလ် မြည်လာသောကြောင့် ဂျောင်ဂုစိတ်တိုသွားသည်။ အလုပ်လုပ်နေရင် လာနှောင့်ယှက်တာ လုံးဝမကြိုက်ပါ။ ထယ်ယောင်းကလွဲ၍။
ဂျောင်ဂုဖြည်းဖြည်းချင်းထကာ ထယ်ယောင်းကို ဆိုဖာပေါ်မှာ ညင်သာစွာချလိုက်သည်။ ပြီးမှ တံခါးကိုဝုန်းခနဲ ဖွင့်ပေးလိုက်သည်။
တံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် ဒေါသတွေ ငယ်ထိပ်ထိတက်လာတော့သည်။ တွေ့လိုက်ရသည်က miss kang ဟု လူသိများသော Mrs.Jeon တနည်းအားဖြင့် ဂျောင်ဂုထက် 5 နှစ်သာ ကြီးသော အဖေ့ရဲ့မိန်းမ ၊ ဂျောင်ဂုရဲ့မိထွေး၊ ကမ္ဘာပေါ်မှာ အမုန်းရဆုံးသူ။
ထူးထူးဆန်းဆန်း ရုံးခန်းကိုလာတော့ နဲနဲတော့ကြောင်တောင်တောင်ဖြစ်မိသည်။ မျက်နှာထားတင်းတင်းသာနေလိုက်သည်။ အဖေ့မျက်နှာကြောင့်သာ အတတ်နိုင်ဆုံး သည်းခံနေရခြင်းပင်။
သို့သော် ထိုမိန်းမက Jungkook ရဲ့ ပုခုံးတစ်ဖက်ကို လက်နဲ့ ကိုင်လိုက်ပြီး အလှဆုံးပြုံးလိုက်သည်။
"ဂျွန် ဒီည ညစာအတူစားကြမလား"
"မစားတော့ပါဘူး၊ ကျေးဇူးပဲ"
"အဲ့လို စိမ်းစိမ်းကားကားမလုပ်ပါနဲ့၊ ညစာက မင်းထင်သလို အစားအသောက်တွေပဲ မဟုတ်ဘူးနော်"
ပြောပြောဆိုဆိုနဲ့ ထိုမိန်းမက သူ့ရဲ့ ပေါ်ခါနီးရင်ဘတ်ကို မသိမသာ ထပ်ဖော်ကာ ဂျောင်ဂုကိုမြှူဆွယ်နေလေပြီ။
ဂျောင်ဂုကတော့ မျက်နှာကိုလွှဲလိုက်ပြီး ဒေါသထွက်လွန်း၍ အံကြိတ်ထားမိသည်။
"ပြန်ပါတော့၊ ကျွန်တော် အလုပ်ရှုပ်နေတယ်"
ဂျောင်ဂုစကားကို နားထဲဝင်ပုံပင်မပေါ်။ Miss kang က ရုံးခန်းထဲကို အတင်းဝင်ကာ
YOU ARE READING
CEO With A Boy [Completed]
FanfictionKookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if something is wrong cuz it's my first fiction ^^