♠9♠

22.2K 2.3K 53
                                    

(Unicode)

တညလုံး အိပ်မပျော်သောကြောင့် မျက်ကွင်းတွေက ညိုနေပြီး မျက်လုံးက မှေးမှေး။ ကျောင်းသွားဖို့ ပြင်နေပေမဲ့ အသိစိတ်က သိပ်မရှိ။ သြော်... ကင်ထယ်ယောင်းရယ်..။

ဒေါက် ဒေါက်

ထယ်ယောင်းရဲ့အိပ်ခန်းတံခါးကို လာခေါက်တယ်။ ဘယ်သူလဲ။ တစ်ခါမှ လာ မခေါက်ဘူးပဲနဲ့။

ထယ်ယောင်းလည်း အိပ်ချင်မူးတူးနဲ့ တံခါးဖွင့်လိုက်ရာ Omma..

"Omma ဘာလဲ"

"နင် ကျောင်းသွားဖို့ပြင်နေတာ မပြီးသေးဘူးလား"

"ပြီးပါပြီ"

"ပြီးရင်လည်း ထွက်လာခဲ့တော့လေ၊ နင့်လူကြီး
စောင့်နေတယ်"

Omma က ပြောပြောဆိုဆိုနဲ့ တံခါးကို ဝုန်းခနဲ
ပြန်ပိတ်သွားသည်။ ထယ်ယောင်းက အိပ်ချင်မူးတူးနဲ့ ခုထိ အသိစိတ် မကပ်။ နောက်မှ စဉ်းစားမိပြီး

"ငါ့လူကြီးဆိုတာ ဂျောင်ဂု hyung ကို
ပြောတာလား"

ထယ်ယောင်းလည်း လွယ်အိတ်ကိုယူကာ အောက်ထပ်ကို ကမန်းကတမ်းပြေးဆင်းသွားတော့ ထင်တဲ့အတိုင်းပင် ဂျောင်ဂုက ဧည့်ခန်းမှာ Appa နဲ့စကားလက်ဆုံကျနေသည်။

Omma က ထယ်ယောင်းလက်ထဲကို ပေါင်မုန့်လေးနဲ့ Milk လေးထည့်ပေးပြီး

"ကျောင်းနောက်ကျနေပြီမလား၊ ဒါလေးကို လမ်းမှာပဲ စားသွားတော့၊ သွား"

"ဟုတ်..ဟုတ်"

ထယ်ယောင်းအပြင်ကိုပြေးထွက်သွားတာနဲ့ ဂျောင်ဂုကလည်း အိမ်ကလူတွေကို အမြန် နှုတ်ဆက်ကာ ထယ်ယောင်းနောက်ကိုပြေးလိုက်သွားတော့တယ်။

"ကလေး..နေပါဦး"

ဂျောင်ဂုရဲ့အသံကြောင့် ထယ်ယောင်းက ပြေးနေရာက ရပ်လိုက်ပြီး နောက်ကို ပြန်လှည့်ကြည့်တယ်။

ဂျောင်ဂုကိုမြင်တာနဲ့ ညက အဖြစ်အပျက်တွေကို တရိပ်ရိပ်နဲ့ ပြန်မြင်ယောင်လာတော့ ထယ်ယောင်းမျက်နှာလေး သိသိသာသာ ရဲတက်လာသည်။

ဂျောင်ဂုကတော့ အေးအေးလူလူပဲ ဘာမှမဖြစ်ခဲ့သလိုပင်..။

"ကိုယ်နေ့တိုင်း လိုက်ပို့မယ်လို့ မပြောဘူးလား၊ ကားပေါ်တက်"

CEO With A Boy [Completed]Where stories live. Discover now