♠10♠

22.7K 2.3K 147
                                    

(Unicode)

ကျောင်းဆင်းပြီ...။
ကျောင်းဆင်းလို့ဆင်းသွားမှန်းတောင် မသိဘဲ ထယ်ယောင်းရဲ့စိတ်တွေ ပျံ့လွင့်နေသည်။

အခုလည်း အတန်းထဲက အထွက် ကျောင်းပြင်ကို
လှမ်းကြည့်မိတော့ ဂျောင်ဂုရဲ့ ကားအနက်ရောင် ကြီးကိုတွေ့လိုက်ရတယ်။

မဖြစ်ဘူး! ဂျောင်ဂု hyung နဲ့တွေ့ဖို့ မဖြစ်သေးဘူး! တခြားအပေါက်ကထွက်ရန်လည်း ထွက်ပေါက်ကတစ်ပေါက်ပဲရှိသည်။ Bogum နဲ့ အတူ ထွက်ရင်လည်း ဂျောင်ဂုက စိတ်တိုကာ ပိုသောင်းကျန်းမှာလည်းကြောက်သည်။ ဂျောင်ဂုနဲ့ အခုချိန် တွေ့ဖို့လည်း အားမရှိ။ ရှက်ဖို့ကောင်းသည်လေ။

ရပါတယ်။ ခဏမထွက်ဘဲနေလိုက်ရင် Hyung က ကျွန်တော်ပြန်သွားပြီ အထင်နဲ့ သူပါ အိမ်ပြန်သွားမယ်။ အဲ့အချိန် ကျွန်တော်က တစ်ယောက်ထဲအိမ်ပြန်ရုံပဲ။ တော်လိုက်တဲ့ ငါကွ..!

ထယ်ယောင်းတစ်ယောက်ထဲ တွေးလိုက်ကာ Class ထဲပြန်ဝင်နေလိုက်တယ်။

ကျောင်းမှာ ကျောင်းသားတွေ မရှိသလောက် နည်းသွားမှ ထယ်ယောင်းလည်း လွယ်အိတ်လေးဆွဲကာ အပြင်ကို အထွက် တံခါးဝမှာ မားမားမတ်မတ်ကြီး ရပ်နေတဲ့ ဂျောင်ဂု။

"Hyung ဒီမှာဘာလုပ်နေတာလဲ "

ထယ်ယောင်းအလန့်တကြားနဲ့ပြောလေသည်။ မျက်နှာလေးကလည်း သိသိသာသာ ရဲတက်လာသည်။

"ငါကမေးရမှာ မင်းက ဒီမှာဘာလုပ်နေတာလဲ "

ကိုယ် တွေ ကလေးတွေ အခေါ်အဝေါ်တွေ ပျောက်ကုန်ကာ မင်းတွေငါတွေ ဖြစ်ကုန်တော့ ထယ်ယောင်းအနည်းငယ်တော့လန့်သွားသည်။

ဂျောင်ဂုကတော့ဆက်ပြောတယ်။

"မင်းထွက်မလာလို့ ငါ့မှာစိတ်ပူပြီး အိမ်ကို
လှမ်းဖုန်းဆက်တယ်၊ မရောက်သေးဘူးဆိုလို့
ကျောင်းထဲကိုဝင်လာပြီး ဆရာတစ်ယောက်ကို မေးလိုက်တော့မှ အတန်းထဲမှာရှိမှန်းသိတာ၊ ငါ့ကိုရှောင်နေတာတော့မဟုတ်ပါဘူးနော်"

ဂျောင်ဂုရဲ့စကားအဆုံး ထယ်ယောင်းဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းငုံ့ပြီးသာနေနေသည်။

"Okay မင်းကိုလိုက်ပို့ပေးပြီးရင် နောက်ထပ် မင်းရှေ့မှာ ငါမပေါ်လာစေရဘူး၊ မင်း ငါ့ကိုရှောင်ရတာ ပင်ပန်းမှာပေါ့၊ ငါပဲ ရှောင်ပေးပါမယ်"

CEO With A Boy [Completed]Where stories live. Discover now