♠5♠

24.8K 2.5K 325
                                    

(Unicode)

"Hyung မြန်မြန်လာ၊ ပဲများပြီး လျှောက်မနေနဲ့"

ထယ်ယောင်းကရှေ့ကနေ ဂျောင်ဂုကိုလှမ်းပြောနေတယ်။ အခုရောက်နေတာက Supermarket တစ်ခုမှာပါ။ ထယ်ယောင်းကိုစက်ဘီးအသစ်ဝယ်ပေးဖို့ရယ် တခြား သူလိုချင်တာလေးတွေလည်း ဝယ်ပေးချင်လို့။

အခုက ဂျောင်ဂုကနှေးနှေးလျှောက်နေတာ မဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ ထယ်ယောင်းကသာ တက်ကြွပြီး မြန်မြန်သွက်သွက် လျှောက်နေတာ။

ဂျောင်ဂုလည်း သူ့ကိုယ်သူ သိနေပါပြီ။ ဒီကလေးလေးကို ချစ်နေမိပြီဆိုတာကို။

"ကလေး..ဖြေးဖြေးသွားပါ၊ ချော်လဲဦးမယ်"

"ချော်လဲရအောင် ကျွန်တော်က ကလေးမှ မဟုတ်တာ၊ မြန်မြန်လာပါဆို"

ပြောပြောဆိုဆိုနဲ့ ဂျောင်ဂုလက်ကိုဆွဲပြီး ခေါ်သွားတော့တယ်။ ဂျောင်ဂုမှာလည်း မျောမျောကြီးပါသွားတာပေါ့။

လမ်းတစ်လျှောက် မိန်းကလေး တွေကလည်း ဂျောင်ဂုကိုကွက်ကျိကွက်ကျိနဲ့။ ဂျောင်ဂုကတော့ ဒီဆေးဆိုးပန်းရိုက်မတွေက ငါ့ကလေးလောက်တောင် ချစ်ဖို့မကောင်းဘူးဆိုတဲ့အကြည့်တွေ ပြန်ကြည့်ရင်း ထယ်ယောင်းခေါ်ရာနောက်ကို လိုက်နေရတယ်။

ဖိနပ်ဆိုင်ရှေ့ရောက်တော့ ထယ်ယောင်းက ရုတ်တရက် ရပ်လိုက်ပြီး

"သွားပြီ hyung"

ဂျောင်ဂုလည်း ထယ်ယောင်းကိုငေးနေရာမှ ပြာပြာသလဲဖြစ်သွားပြီး

"ဟမ်..ဘာဖြစ်လို့လဲ"

"ကျွန်တော့်စုဘူး ပြည့်ရင်ဝယ်ဖို့ လုပ်ထားတဲ့ Gucci ဖိနပ်လေး သူများဝယ်သွားပြီ၊ ဟင့်"

ထယ်ယောင်းကပြောနေရင်းနဲ့ ငိုသံလေးတွေပါလာတယ်။ ဂျောင်ဂုက ထယ်ယောင်းရှေ့မှာ
ထိုင်ချလိုက်ပြီး

"ရှူး..မငိုနဲ့ တိတ်၊ hyung ကဘာလဲဆိုတာ မေ့နေတာလား"

"Hyung ကလူလေ၊ ဘာလဲ၊ ကိုယ့်ကိုယ်ကို ယုန် လို့ထင်နေတာလား၊ အီးဟီး"

ဟမ်?

ဂျောင်ဂုမှာ ဒီကလေးရဲ့ ဉာဏ်ကို လိုက်မမှီတော့။

CEO With A Boy [Completed]Where stories live. Discover now