♠13♠

23.2K 2.1K 185
                                    

(Unicode)

ဂျီမင်က ထယ်ယောင်းကိုသေချာကြည့်ကာ အနားမှာသွားထိုင်လိုက်တယ်။ ပြီးတော့ ဂျောင်ဂုဘက်ကို လှည့်ကာ

"Coconut head ဒါက မင်းရဲ့ညီလေးလား၊ ချစ်စရာလေးနော်"

ဂျီမင်စကားကြောင့် ဂျောင်ဂုလည်း မျက်နှာကြီး ရှုံ့တွကာ စိုက်ကြည့်နေလိုက်သည်။ ခုနကတည်းက အရှိန်ပျက်သွားလို့ စိတ်က သိပ်ကြည်သေးတာမဟုတ်။

"ဂျီမင်၊ မင်း ငါ့ကလေးကို ဟိုထိဒီထိ လုပ်မနေနဲ့"

"မင်းကလေး ဟုတ်လား? မင်းက ဘယ်သူနဲ့ တိတ်တိတ်ပုန်း ကလေးရထားတာလဲ"

ဂျောင်ဂုလည်း ဂျီမင်ကို ဘာမှပြောမနေတော့ဘဲ ယွန်းဂီနားကိုသွားကာ

"Hyung အခုချက်ချင်း ဂျီမင်ကို ခေါ်သွားလို့ရမလား"

"ဂျီမင်က ညစာစားပြီးမှ ပြန်မယ်တဲ့"

ယွန်းဂီက ပြောပြီးတာနဲ့ ဂျောင်ဂုရဲ့ ဆိုဖာပေါ်မှာ ထိုင်ကာ ဂျီမင်ကိုကြည့်နေလိုက်တယ်။

ဂျောင်ဂုမှာတော့ ပါးစပ်အဟောင်းသားနဲ့ ဟိုကြည့်ဒီကြည့်ဖြစ်နေရတော့သည်။

ထယ်ယောင်းကိုကြည့်လိုက်တော့လည်း ချစ်ဖို့ကောင်းလွန်းတဲ့ box smile လေးနဲ့ ဂျီမင်ကိုရယ်ပြနေသည်ကို တွေ့ရတယ်။

မရယ်နဲ့ ကလေး။ အဲ့အပြုံးက ကိုယ့်အတွက်ပဲဖြစ်ရမှာ။

ဂျောင်ဂုကဘောက်ဆတ်ဆတ်နဲ့ ထယ်ယောင်းနဲ့ ဂျီမင်နားကိုသွားကာ ထယ်ယောင်းကို သူ့အနောက်ကို ဆွဲပို့လိုက်တယ်။

"ဂျီမင် မင်းပြန်တော့"

ဂျီမင်က ကြောင်တောင်တောင်လေး
ဖြစ်သွားပြီးမှ ဝုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။

"မင်းနဲ့ငါ အခုမှ တွေ့ရတာလေ၊ ဘာလို့ပြန်ရမှာလဲ? မင်းနဲ့ညစာအတူစားဖို့လာခဲ့တာလေ၊
မင်းရဲ့သားကို ထိတာ မကြိုက်ရင်လည်း
ငါမထိတော့ပါဘူး"

"ဂါးးးဒါက ကလေးက အဲလေ ထယ်ယောင်းက
ငါ့သားမဟုတ်ဘူး၊ ငါ့ချစ်သူ သိပြီလား"

ဂျောင်ဂုက စိတ်ပေါက်ပေါက်နဲ့ အော်ပြောလိုက်ပြီး ထယ်ယောင်းကို လှည့်ကြည့်တော့
လန့်နေတဲ့ မျက်နှာလေးနဲ့ မော့ကြည့်နေတဲ့ ကလေးငယ်။

CEO With A Boy [Completed]Where stories live. Discover now