⚠️Extra⚠️

29.8K 2K 80
                                    

(Unicode)

"Hyung ၊ ကျွန်တော့်ကို newyork ခေါ်လာပြီး
ဘယ်မှလဲ လိုက်မပို့ဘူး၊ အလုပ်တွေပဲ ထိုင်လုပ်နေတယ်"

မနက်ကတည်းက ညအထိ တဂျီဂျီ​နဲ့ ဘေးကနေ
ဂျစ်တိုက်နေတဲ့ ပိစိလေးကို လိုက်ပို့ချင်ပါသည်။
ဒါပေမဲ့ ဂျောင်ဂုလည်း company မှာ
လုံးဝအရေးကြီးကိစ္စတွေဖြစ်နေလို့ တစ်နေကုန်
ဟိုတယ်မှာ အလုပ်ထိုင်လုပ်မိနေခြင်းဖြစ်သည်။

အမြန်လုပ်ချင်ပေမဲ့ ဘေးနားကနေ ပွစိပွစိနဲ့
စိတ်ကောက်သွားတဲ့ ထယ်ယောင်းကိုချော့ရတာနဲ့

"Hyung က ကျွန်တော့်ကို မချစ်ဘူး"

ဆိုတဲ့စကားကို ပြောလိုက်ရင်လည်း
ဒီကလူမှာ ဘာလုပ်လို့လုပ်ရမှန်းမသိတွေဖြစ်ပြီး
ဇွတ်ကိုချော့နေရတော့တာ။ တကယ့် ကလေးဆိုးလေး

အခုဆို ညရောက်နေပြီ။
တကယ်ဆို နေ့လည်ကတည်းကပြီးရမှာ။
ထယ်ယောင်းကိုချော့နေရလို့ ညရောက်တာတောင် မပြီးသေး။

"Hyung ဆော့မယ်"

ဟမ်..မကြီးမငယ်နဲ့ ဆော့ခိုင်းပြန်ပြီ။

"ကလေးရာ..မဆိုးနဲ့လေကွာ၊ ခဏလေးပဲ၊
ပြီးတော့မယ်နော်"

"အခုတော့..ဒီစကားပြောပြီပေါ့၊ အရင်တုန်းက
ကျွန်တော်က အရေးအကြီးဆုံးဆို"

ကောက်ပြီ....။ ကျွန်တော် Jeon Jungkook ကိုကယ်တင်ကြပါဦး....။

"ကလေးရယ်၊ ကလေးအတွက်လုပ်နေတာလေ
ကလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေချင်လို့
အလုပ်ကြိုးစားနေရတာ"

ဂျောင်ဂုက Lap top နိုပ်နေရင်းနဲ့သာ
ဖြေသည်။ ထယ်ယောင်းက ဂျောင်ဂုကိုဘာမှမပြောတော့ဘဲ ကုတင်ပေါ်တက်ကာ စောင်ကို ခေါင်းမြီးခြုံကာ စိတ်ကောက်တော့သည်။

10 မိနစ်လောက်ကြာတော့မှ ဂျောင်ဂုအလုပ်လုပ်လို့ ပြီးသွားတော့တယ်။ အကြောလေးဘာလေးဆန့်ပြီး ထယ်ယောင်းကို လှည့်ကြည့်မိသည်။

ထယ်ယောင်း ရှိတဲ့ ကုတင်ဆီကို​ လျှောက်လာပြီး

"ကလေး..အိပ်နေပြီလား"

ဆိုကာ တိုးတိုးလေး ကပ်မေးလိုက်တော့
ချက်ချင်းပဲ ဘုဆတ်ဆတ်ပြန်ဖြေတဲ့ ကလေး။

CEO With A Boy [Completed]Where stories live. Discover now