♠6♠

23.7K 2.4K 127
                                    

(Unicode)

"Mr.Jeon ရဲ့သားက Miss kang ထင်သလို ချစ်သူကောင်မလေး မရှိပါဘူး၊ သားလေး အဲလေ ကောင်လေးပဲရှိတာပါ"

စုံထောက် Shin ရဲ့ စကားကြောင့် kang nara ဝုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။

"ချစ်သူကောင်လေးကြောင့် ငါ့ကို ဂျွန်က ငြင်းခဲ့တာလို့ ပြောချင်တာလား"

ဒေါသထွက်နေတဲ့ kang nara ကိုကြည့်ပြီး စုံထောက် နှစ်ယောက်က ခေါင်းပင်မဖော်ရဲကြ။ စုံထောက် shin ကသာ ဆက်ပြောပြရသည်။

"ချစ်သူကောင်လေး ဟုတ် မဟုတ်တော့ သေချာ
မသိပါဘူး၊ တခြားတော်စပ်တဲ့သူ ဒါမှမဟုတ် အသိလည်း ဖြစ်နိုင်ပါတယ်၊ ဂျွန်က အဲ့ကလေးကို တော်တော်ချစ်ပုံရပါတယ်၊ ကျွန်တော်တို့ ထပ်စုံစမ်းပေးပါမယ်"

"တော်တော့၊ ပထမဆုံး စုံစမ်းတဲ့နေ့မှာတင် ဂျွန်ကမိသွားတယ်၊ ပြီးတော့ သတင်းအတိအကျလည်းမသိရဘူး၊ ရှင်တို့ကို ကျွန်မဆက်မငှါးနိုင် သလို ငွေလည်း မပေးနိုင်ဘူး"

"ငွေ မပေးဘဲတော့ မလုပ်ပါနဲ့၊ miss kang ရယ်
ကျွန်..ကျွန်တော်တို့....."

"ထွက်သွားတော့"

"Miss kang.."

"ထွက်သွား..!!! ငါကိုယ်တိုင်ပဲ စုံစမ်းမယ်"

♠♠♠

ထယ်ယောင်းအိပ်ရာပေါ်မှာ လူးလိမ့်ရင်း နိုးလာသည်။ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့ နေရောင်ခြည်လေးကိုတွေ့ရတဲ့အတွက်
မိုးလင်းနေပြီမှန်း သိလိုက်ရပြီ။

နောက်မှ သတိရမိသည်က ညက ဂျောင်ဂု ဝယ်ကျွေးတဲ့ အစားအသောက်တွေ။

ထယ်ယောင်းချက်ချင်းပဲ ကုတင်ပေါ်ကပြေးဆင်းကာ မီးဖိုချောင်ထဲဝင်သွားတယ်။ Omma ကတော့ ချက်ပြုတ်နေတယ်။

"Omma ညက အစားအသောက်တွေ ကျန်သေးလား"

"ကုန်ပြီလေ"

ချက်ချင်းဖြေလိုက်တဲ့ omma ရဲ့အဖြေကြောင့် ထယ်ယောင်းစိတ်ပျက်သွားသည်။

"ဘာလို့ကုန်သွားတာလဲ"

"စားလိုက်လို့ပေါ့ဟဲ့၊ စောစောစီးစီး ဘာတွေ
ရစ်နေတာလဲ ထယ်ယောင်း"

CEO With A Boy [Completed]Where stories live. Discover now