Love is Ge Ge(2)

2.8K 208 4
                                    

(zαωgуι)

ဆေးရုံကပြန်လာပြီးထဲက
ကျနော့်ကိုစကားပြောဖို့မပြောနဲ့
မျက်လုံးလေးနဲ့တောင်မကြည့်ဘူး
အလုပ်များတဲ့မားတို့လမ်းလျှောက်ဖို့အဆင်မပြေတဲ့ကျနော့်ကို
စောင့်ကြည့်ဖို့အလုပ်တစ်ခုပိုမှာစိုးလို့ဆိုပြီး
သူ့အိမ်ကိုခေါ်ချလာတယ်

အခုလည်းအခန်းပြင်က.ဝရံတာမှာဖုန်းတစ်လုံးနဲ့
ဘာလုပ်နေလဲမသိဘူး

မျက်မှောင်ကြီးကျုံ့ထားလိုက်တာလည်းမျက်ခုံးနှစ်ခု
တတန်းတည်းဖြစ်တော့မယ်
သူအဲ့လိုနေနေရင်ဒီမှာနေစရာနေရာမရှိဘူး
သူ့ပန်းအိုးကိုခွဲလိုက်မိလို့အဲ့လိုဖြစ်နေတာပဲနေမှာ
သူများလည်းနာသွားတာပဲကို
မမြင်တာလားပဲ....

မုန်းလိုက်တာ အဲ့လူကြီးကိုမုန်းတယ် မုန်းတယ်

'မုန်းတယ်'

'ဘာတွေပြောနေတာလဲ
ဘယ်သူ့ကိုမုန်းနေတာလဲ
ငါမင်းကိုဘာလုပ်မိလို့လဲ'

မျက်မှောင်ကျုံ့ထားတာကိုမဖြေသေးပဲမေးလားတဲ့သူ

ဟင်ငါဘာပြောလိုက်မိလို့လဲ
မဟုတ်မှလွဲရော
စိတ်ထဲမှာပြောနေတာကို ပါးစပ်ကနေထုတ်ပြောလိုက်မိတာလား
သွားပြီ သွားပါပြီ ရှောင်ကျန့်ရေ...

'ဘ..ဘာမှမဟုတ်ပါဘူး
ဒီတိုင်းယောင်ပြီးပြောလိုက်တာ
ဘာမှမဟုတ်ဘူး'

'ဆန်ပြုတ်သွားပြုတ်လိုက်အုံးမယ်
ပြီးရင်စားပြီးဆေးသောက်ရမယ်
ဆေးသောက်ပြီးရင်စာရင်းရှင်းကြတာပေါ့
ကုတင်ပေါ်မှာငြိမ်ငြိမ်ထိုင်နေ
လှုပ်ကိုမလှုပ်နဲ့ ကြားတယ်နော်'

'ဟုတ်'

ခေါင်းငြိမ့်ပြီးပြန်ဖြေလိုက်တော့
အခန်းထဲကထွက်သွားတဲ့သူ

'စာရင်းရှင်းမယ်ဆိုတာဘာလဲ
ငါ့ကိုပန်းအိုးခွဲလို့များရိုက်မလို့လား
ဟာ..မဟုတ်လောက်ပါဘူး
ငါ့ကောကောကအဲ့လောက်စိတ်မပုတ်ဘူး
ဟင့် ဒီနေ့ပုံစံအရတော့ရိုက်ရင်တောင်ရိုက်နိုင်တယ်
ငါ့ထက်အသက်ကြီးတယ်ဆိုပြီးအနိုင်ကျင့်တော့မယ်ထင်တယ်
ဟင့်..ဟင့် မုန်းလိုက်တာ
နေ..နေပါအုံးငါကဘာလို့ငိုနေရတာတုန်း'

//The Untamed//✅Where stories live. Discover now