မုန္းရက္ပါ့မလား

3.6K 184 4
                                    

(zαωgуι)

ေဝ့ရင္း............

မင္းရဲ႕က်င့္စဥ္ကို ငါမုန္းတယ္ ဒါေပမယ့္
မင္းရဲ႕ ေျပာင္းလဲလာမႈအေနာက္မွာ
နာက်င္မႈကိုအတင္းဖုန္းကြယ္ေနတာေတြကို
ငါေတြ႔ေနရတယ္

ျဖဴစင္လြန္းတဲ့ မင္းလိုေကာင္ေလးက
အနစ္နာခံမႈေတြ ေက်းဇူးတရားေတြ မေက်နပ္မႈေတြ တာဝန္ေတြအမ်ားႀကီးကို တစ္ေပြ႔တစ္ပိုက္ႀကီး ခါးစီးခံေနတာ
ဘယ္သူမွမသိရင္ေတာင္ ငါေတာ့သိခဲ့တယ္

ငါမင္းကို မုန္းရက္ခဲ့ပါ့မလား
ေဝ့ရင္းရယ္

""ငါနဲ႔ ကူးစူးကိုျပန္လိုက္ခဲ့"" ဆိုတဲ့စကားက
ငါတို႔ ကူးစူးရဲ႕အျပစ္ဒဏ္ေတြ
မင္းအေပၚကိုက်ေရာက္ေစခ်င္လို႔ လို႔မင္းထင္ခဲ့တယ္မလား

မဟုတ္ခဲ့ဘူးေဝ့ရင္း
ငါ...ငါ မင္းကို ဖြက္ထားေပးခ်င္ခဲ့တာ ကာကြယ္ေပးခ်င္ခဲ့တာ
ငါက အရာရာကိုလက္ခံေပးႏိုင္ေပမယ့္ ဘယ္သူမွလက္မခံႏိုင္တဲ့အေျခအေနမ်ိဳးေရာက္လာမွာကို စိုးရိမ္ခဲ့တာ
အရာအားလံုးထက္ မင္းနာက်င္ရမွာေတြကို စိုးရိမ္ခဲ့တာ

ငါ မင္းကိုအျပစ္ေပးရက္ပါ့မလား
ေဝ့ရင္းရယ္

ငါ စည္းကမ္း 3000 ကို
တစ္သက္ေစာင့္ထိန္းလာခဲ့ေပမယ့္
ေဝ့ရင္း မင္းအတြက္မလို႔ ငါစည္းကမ္းကိုဖ်က္ၿပီး
လ်ိဳ႕ဝွက္စာၾကည့္ေဆာင္ကို ခိုးဝင္ခဲ့တယ္
မင္းအတြက္သံစဥ္အသစ္ေတြ
ဖန္တီးေလ့က်င့္ေနေပမယ့္
မင္းကေတာ့ မင္းကိုငါကမုန္းတယ္လို႔ထင္ေနတုန္းပဲေလ

ငါက တိတ္ဆိတ္လြန္းတဲ့လူ သည္းခံႏိုင္လြန္းတဲ့လူပါ
ဒါေပမယ့္ေဝ့ရင္း.....
မင္းကိုမတရားေျပာေနၾကရင္ မခံနိိုင္ပဲ ျပန္ေျပာမိတာ
ေဒါသေတြထိန္းခ်ဳပ္ရခက္လာတာ
မင္းေၾကာင့္ပဲ
ျဖစ္ေပၚလာရတာ
ဒါေတာင္ မင္းကိုမုန္းေနတယ္လို႔ ထင္ေနတုန္းပဲေလ
ေဝ့ရင္း....

ေနာက္ဆံုးအခ်ိန္အထိ
မင္းအတြက္တိုက္ခိုက္ၿပီး
ေနာက္ဆံုးအခ်ိန္ထိ
မင္းလက္ကို မလႊတ္တမ္းဆုပ္ကိုင္ထားခ်င္ခဲ့တာ
ငါဆိုတဲ့ ဟန္ကြမ္းကြၽင္းပဲ
ေဝ့ရင္း.....

ငါ မင္းရဲ႕အထင္မွားမႈေတြအတြက္
မင္းကိုအျပစ္မတင္ဘူး
ဘာလို႔လဲဆို​ေတာ့
ဘယ္ေလာက္ပဲ ကာကြယ္ေပးခ်င္ပါေစ
အဆံုးထိမကာကြယ္ေပးႏိုင္ခဲ့တာ
ငါ့အျပစ္ပဲေလ
ေဝ့ရင္းရယ္

28,7,2k19

(υηι¢σ∂є)

ဝေ့ရင်း............

မင်းရဲ့ကျင့်စဉ်ကို ငါမုန်းတယ် ဒါပေမယ့်
မင်းရဲ့ ပြောင်းလဲလာမှုအနောက်မှာ
နာကျင်မှုကိုအတင်းဖုန်းကွယ်နေတာတွေကို
ငါတွေ့နေရတယ်

ဖြူစင်လွန်းတဲ့ မင်းလိုကောင်လေးက
အနစ်နာခံမှုတွေ ကျေးဇူးတရားတွေ မကျေနပ်မှုတွေ တာဝန်တွေအများကြီးကို တစ်ပွေ့တစ်ပိုက်ကြီး ခါးစီးခံနေတာ
ဘယ်သူမှမသိရင်တောင် ငါတော့သိခဲ့တယ်

ငါမင်းကို မုန်းရက်ခဲ့ပါ့မလား
ဝေ့ရင်းရယ်

""ငါနဲ့ ကူးစူးကိုပြန်လိုက်ခဲ့"" ဆိုတဲ့စကားက
ငါတို့ ကူးစူးရဲ့အပြစ်ဒဏ်တွေ
မင်းအပေါ်ကိုကျရောက်စေချင်လို့ လို့မင်းထင်ခဲ့တယ်မလား

မဟုတ်ခဲ့ဘူးဝေ့ရင်း
ငါ...ငါ မင်းကို ဖွက်ထားပေးချင်ခဲ့တာ ကာကွယ်ပေးချင်ခဲ့တာ
ငါက အရာရာကိုလက်ခံပေးနိုင်ပေမယ့် ဘယ်သူမှလက်မခံနိုင်တဲ့အခြေအနေမျိုးရောက်လာမှာကို စိုးရိမ်ခဲ့တာ
အရာအားလုံးထက် မင်းနာကျင်ရမှာတွေကို စိုးရိမ်ခဲ့တာ

ငါ မင်းကိုအပြစ်ပေးရက်ပါ့မလား
ဝေ့ရင်းရယ်

ငါ စည်းကမ်း 3000 ကို
တစ်သက်စောင့်ထိန်းလာခဲ့ပေမယ့်
ဝေ့ရင်း မင်းအတွက်မလို့ ငါစည်းကမ်းကိုဖျက်ပြီး
လျို့ဝှက်စာကြည့်ဆောင်ကို ခိုးဝင်ခဲ့တယ်
မင်းအတွက်သံစဉ်အသစ်တွေ
ဖန်တီးလေ့ကျင့်နေပေမယ့်
မင်းကတော့ မင်းကိုငါကမုန်းတယ်လို့ထင်နေတုန်းပဲလေ

ငါက တိတ်ဆိတ်လွန်းတဲ့လူ သည်းခံနိုင်လွန်းတဲ့လူပါ
ဒါပေမယ့်ဝေ့ရင်း.....
မင်းကိုမတရားပြောနေကြရင် မခံနိုင်ပဲ ပြန်ပြောမိတာ
ဒေါသတွေထိန်းချုပ်ရခက်လာတာ
မင်းကြောင့်ပဲ
ဖြစ်ပေါ်လာရတာ
ဒါတောင် မင်းကိုမုန်းနေတယ်လို့ ထင်နေတုန်းပဲလေ
ဝေ့ရင်း....

နောက်ဆုံးအချိန်အထိ
မင်းအတွက်တိုက်ခိုက်ပြီး
နောက်ဆုံးအချိန်ထိ
မင်းလက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားချင်ခဲ့တာ
ငါဆိုတဲ့ ဟန်ကွမ်းကျွင်းပဲ
ဝေ့ရင်း.....

ငါ မင်းရဲ့အထင်မှားမှုတွေအတွက်
မင်းကိုအပြစ်မတင်ဘူး
ဘာလို့လဲဆိုတော့
ဘယ်လောက်ပဲ ကာကွယ်ပေးချင်ပါစေ
အဆုံးထိမကာကွယ်ပေးနိုင်ခဲ့တာ
ငါ့အပြစ်ပဲလေ
ဝေ့ရင်းရယ်

28,7,2к19

//The Untamed//✅Donde viven las historias. Descúbrelo ahora