(zαωgуι)
(Hee သိပ်မကြာရှာဘူးနော် အပေါ်ကအပိုင်းလေးတွေပြန်ဖတ်လိုက်ပါနော်
ကျေးဇူးတင်ပါတယ်)........
ခြေထောက်ကနာကျင်မှုကြောင့်နိုးလာပေမယ့်
နွေးထွေးနေတဲ့ခံစားချက်ကပိုနေခဲ့တာ
အလင်းရောင်ကြောင့်ကျိန်းနေတဲ့မျက်လုံးကို
သေချာဖွင့်ကြည့်မိတော့
အရှေ့တည့်တည့်မှာရှိနေတဲ့ရင်ခွင်ကျယ်ကျယ်
နဖူးပေါ်ကိုလာရိုက်နေတဲ့သူရဲ့ဝင်သက်ထွက်သက်လေး
ခါးပေါ်မှာနေရာယူထားတဲ့တင်းကြပ်ကြပ်လက်တစ်စုံ
အရာအားလုံးကအိပ်မက်လိုပဲ
အခုထိမယုံကြည်နိုင်သေးဘူးမယုံကြည်မှုတွေနဲ့တူတူရင်ခွင်ထဲတိုးဝင်မိပြန်တော့
နွေးနွေးထွေးထွေးလက်ခံပေးတဲ့ထိုလူသားရဲ့ရင်ခွင်ကျယ်ပျော်လို့ထင်ရဲ့မျက်ရည်တွေကျလာပြန်တယ်
ကျနော့်ရဲ့ကိုကိုက သူ့ရင်ခွင်ထဲမှကျနော့်ကိုထွေးပွေ့ထားတာပျောက်သွားမှာစိုးနေသလို လွတ်ထွက်သွားမှာကြောက်နေသလို
အသက်ရှူမရလောက်တဲ့အထိတင်းကြပိနေတာမျိုးမဟုတ်ပေမယ့် ကိုကိုရင်ဘတ်ထဲကလာတဲ့ရင်ခုန်သံစည်းချက်ကိုကိုရင်ဘတ်ထဲကလာတဲ့ရင်ခုန်သံကျနော့်ကိုပြောပြနေတယ်*ဟိုင်း ငါက မင်းကိုကိုရဲ့နှလုံးသားလေးပဲ
ငါကမင်းကိုပဲငါ့ပိုင်ရှင်အဖြစ်ရွေးထားတာမလို့
မင်းရဲ့ကိုကိုကတစ်သက်လုံး......
မင်းကိုပဲချစ်တော့မှာတဲ့လေ*အဲ့လိုလေးကြားမိတော့အပျော်ကြီးပျော်မိပြန်တယ်
ကိုကို့ရင်ခွင်ထဲ ပိုတိုးဝင်မိတော့ အလိုက်သိစွာပဲ ထပ်ပြီးထွေးပွေ့လာတဲ့ ထုလူသား'ငြိမ်ငြိမ်လေးနေကွာ...... ကိုကိုအိပ်ချင်နေသေးတယ်'
'နိုးနေတာလားကိုကို?'
'အင်းလေ ရင်ခွင်ထဲကအကောင်ပေါက်ကငြိမ်ငြိမ်မှမနေပဲကို'
'အိပ်မက်လိုပဲ ခံစားနေရလို့ ကျ...ကျနော် အခုထိမယုံနိုင်သေးဘူး ကိုကိုကကျနော့်ကိုပြန်ချစ်တယ်ဆိုတာကိုလေ'
'ကလေး....လောင်ကျန့်လေး
ကိုကို့နှလုံးသားရော ဘဝတစ်ခုလုံးရော ကိုကို့ရဲ့အရာအားလုံးကို ကလေးအတွက်အကုန်ပေးထားမယ်
မယုံသေးရင်လည်းရတယ် ကိုယ်တို့မှာအချိန်တွေအများကြီးရှိနေသေးတယ်
ဘဝတစ်လျှောက်လုံး ကိုကို့အချစ်တွေနဲ့သက်သေပြသွားမယ်
ကိုကို့ကိုစောင့်ကြည့်ပေးနော်
ဟုတ်ပြီလား'