(zαωgуι)
လန်ကျန့်.......
ငါ
ကျန်းချန်ကို
27,7,2k19(υηι¢σ∂є)
လန်ကျန့်.......
ငါ
ဘယ်သူ့ကိုမုန်းသင့်လဲ
တစ်ကိုယ်တော်သိုင်းသမားတွေမလို့
လှည့်လည်ရင်း အစောကြီးကံကုန်သွားတဲ့
ငါ့မိဘတွေကိုလားငါ့ကို
ကျွေးမွေးစောင့်ရှောက်ဖို့ခေါ်လာတဲ့
ဦးလေးကျန်းကိုလားဝမ်ချောင်ယုတ်မာတဲ့အချိန်
ကျန်းချန်ကို
အသက်နဲ့လဲပြီးစောင့်ရှောက်လို့ပြောတဲ့
ကျန်းသခင်မကြီးကိုလားငါနဲ့ကျန်းချန်
ဝမ်ချောင့်လက်ထဲက ထွက်ပြေးနေရတဲ့အချိန်
အားနည်းနေတဲ့ ကျန်းချန်ကိုပါ စောင့်ရှောက်ပေးတဲ့
ဝမ်ချင် ဝမ်နင်တို့ မောင်နှမကိုလားသိဒ္ဓိခြွေလက်ကြောင့်
အမြူတေဆုံးရှုံးသွားတာကို ကူညီပေးနိုင်တဲ့လူရှိတယ်ဆိုတဲ့
ငါ့စကားတစ်ခွန်းကိုယုံပြီး ငါ့အတွင်းအားတွေအကုန်ပေးတာကိုမသိတဲ့
ကျန်းချန်ကိုလားချောက်နက်ထဲအချခံလိုက်ရပြီး
ငါချစ်ရတဲ့ဆရာတူအမ ငါစောင့်ရှောက်ရမယ့်လူတွေအတွက်
ငါတန်ဖိုးထားရတဲ့လူတွေရဲ့ အသက်ကြွေးအတွက်
ငါအသက်ဆက်ရှင်မှဖြစ်မယ် ဆိုတာကလွဲရင်
ငါဘာမှတွေးလို့မရခဲ့ဘူးဒါပေမယ့်
အတွင်းအား အမြူတေ ဘာမှမရှိတော့တဲ့ငါ့မှာ
အားလုံးသိပ်မုန်းတဲ့ ဒီလမ်းစဉ်ကိုကျင့်ဖို့အပြင်
ငါ့အတွက်တစ်ခြားနည်းလမ်းမရှိခဲ့ဘူးငါ ဘယ်သူ့ကိုမှမမုန်းခဲ့ပါဘူး
ငါ နောက်ဆုံးအချိန်ထိ ငါ့ကံကြမ္မာကိုပဲငါမုန်းခဲ့တယ်......................
27,7,2k19