Love is Ge Ge(3)

2.6K 155 5
                                    

(zαωgуι)

မျက်လုံးကိုလုံးဝမဖွင့်ပဲ
ပြောလိုက်တော့မယ်
ကျနော်ပြောလိုက်တော့မယ်

'ဟင် ဘ...ဘာကိုကြောက်တာလဲကလေးရယ်'

'ကျနော့်ကိုစိတ်ပျက်သွားပြီလားဆိုပြီး
ကျနော့်ကို ညီလေးတစ်ယောက်ထက်မပိုဘူးလားဆိုပြီး
ကျနော်..ကျနော်လေ
ကောကောအေးတိအေးစက်လုပ်နေလည်း
စိတ်မကောင်းဖြစ်ပေမယ့် အဆင်ပြေတယ်
ဆူနေလည်းရတယ် အနားမှာမနေနဲ့ဆိုပြီးမောင်းထုတ်လည်းဘာမှမဖြစ်ဘူး
ကျနော် အမြဲကပ်တွယ်နေခွင့်ရှိတယ်လေ
ဒါ..ဒါပေမယ့် ညီလေးတစ်ယောက်လိုပဲဆိုတာကြီးနဲ့
ညီအစ်ကိုလိုစည်းခြားလိုက်မှာကြီးကိုကျနော်မကြိုက်ဘူး
အမြဲကျနော်မျှော်လင့်နေတာတွေမရနိုင်တော့မှာ
တကယ် တကယ်ကြောက်တယ်'

မျက်လုံးအတင်းမှိတ်ပြီးပြောချင်ရာပြောနေတဲ့အကောင်ပေါက်လေး
ပြောချင်ရာတွေဇွတ်ပြောပြီးကုတင်ပေါ်ကပြေးဆင်းမလို့လုပ်နေတော့
လက်ကိုလှမ်းဆွဲလိုက်ပြီး

'ဒါဘယ်လဲ'

'.......'

'ပြောချင်တာတွေပြောပြီးတစ်ဖက်လူပြောမှာကိုနားမထောင်တော့ဘူးလား'

'.......'

ငြိမ်ကျသွားတော့မှာ

မျက်နှာချင်းဆိုင်မှာသွားထိုင်ပြီး
လက်ချောင်းလေးတွေကိုခပ်ဖွဖွဆုပ်ကိုင်လိုက်တယ်
မျက်ရည်တွေလျှံကျတော့မလိုဖြစ်နေတဲ့မျက်ဝန်းလေးကို
သေချာစိုက်ကြည့်ပြီးတော့မှ

'အခုကစပြီးပြောတဲ့စကားကို
သေချာနားထောင်ရမယ်နော်
ဟုတ်ပြီလား'

ခေါင်းငြိမ့်ပြတဲ့ကလေးလေး

'ဟုတ်ပြီ
အေးတိအေးစက်ဆက်ဆံမိတာအတွက်တောင်းပန်တယ်
ကိုယ့်ကိုစိတ်ပျက်ပြီးကိုယ့်အနားကထွက်သွားစေချင်ခဲ့တာ
မောင်းထုတ်တယ်ဆိုတာကလည်းကိုယ့်နှလုံးသားကိုကိုယ်လက်မခံနိုင်လို့
အတင်းငြင်းဆန်ခဲ့မိတာ
နောက်ဆုံးတော့ကလေးကိုပဲနာကျင်စေခဲ့မိတယ်
ကိုယ်ကိုယ်တိုင်လည်းထပ်တူနာကျင်ခဲ့ရတယ်
တောင်းပန်ပါတယ်ကိုယ့်ကလေးရယ်
တောင်းပန်တယ်
ကိုယ်..ကလေးကိုဒဏ်ရာတွေပဲပေးမိတယ်
ချစ်တယ်  ညီလေးတစ်ယောက်လို
ချစ်သူတစ်ယောက်လို တစ်သက်လုံးတူတူရှိချင်ပြီးကာကွယ်စောင့်ရှောက်ပေးချင်တဲ့လူတစ်ယောက်အဖြစ် ကလေးကကိုယ့်နှလုံးသားထဲမှာနေရာယူထားခဲ့တာကြာပြီ
ကိုယ့်ကလေးငယ်'

//The Untamed//✅Where stories live. Discover now