❀ 5 ❀

14.6K 1.3K 122
                                    

#Unicode
တရွေ့ရွေ့နဲ့အချိန်တွေကုန်ဆုံးလာခဲ့တာ ၅ လဆိုသော အချိန်ကာလလေးတခုကို ကုန်လွန်ပြီးခဲ့လျက် ...... ထို ၅လအတွင်းမှာ သူနဲ့ Taeရဲ့ခင်မင်မှုသံယောဇဉ်တွေဟာလည်း တဖြည်းဖြည်းနဲ့ ပိုမိုရစ်တွယ်လာခဲ့သည် ........ အစတည်းကအပေါင်းအဖော်သူငယ်ချင်းကမရှိခဲ့လေတော့  Tae အပေါ်ကြင်နာလွန်းတဲ့သူ့ကို Tae ပိုလို့ပင်ခင်တွယ်မိခဲ့လျက် .......
Taeအပေါ်သူ့ရဲ့ကြင်နာမှုဂရုစိုက်မှုတွေကြောင့် သူ့ကိုTaeပိုလို့ပင်ချစ်လာခဲ့မိသည် ...... Taeရင်ထဲကတဖက်သတ်ခံစားချက်တွေကို သူမရိပ်မိအောင်နေနေရသည်မှာလည်း Tae မှာပင်ပန်းရသည် ....... သူသိသွားရင် Tae ကိုမခင်မင်တော့မှာ လည်းအရမ်းကြောက်သည် ...... ဒီလိုနဲ့ရင်မောခဲ့ရတဲ့နေ့တွေညတွေမနည်းတော့ပေ .........
.
.
.
ဒီနေ့သူကအရေးကြီးကိစ္စပြောရန်ရှိသည်ဟူ၍ ချိန်းထားသောကြောင့် Tae စောစောထပြင်ဆင်ကာ Driver ဦးလေးကြီးကိုခေါ်ကာထွက်လာခဲ့သည် ..........

သူချိန်းထားသည့်နေရာသို့ရောက်သော် Taeဦးလေးကြီးအားပြန်လွှတ်လျင် .....

"ဖြစ်ပါ့မလား သခင်လေးရယ် ....... ကျွန်တော်စောင့်နေမယ်လေ....."

"Tae - ရပါတယ် ဦးလေးရယ် ...... သူကပြန်လိုက်ပို့မှာပါ........."

"စိတ်မချလို့ပါကွယ် .... ခါတိုင်းလည်းစောင့်ပေးနေကြလေ....."

"Tae - စိတ်မပူပါနဲ့ဦးလေးရယ် သူကလူကောင်းပါ ....."

"ဟုတ်ပါပြီသခင်လေးရေ တခုခုဆိုphဆက်ပါ ....... "

"Tae - ဟုတ်ကဲ့ "

Taeပြုံးလျက်ဆိုတော့ Taeကိုဂရုစိုက်ဖို့တဖွဖွမှာကာ ဦးလေးကြီးကထွက်သွားလေ၏.........

Tae ကော်ဖီလေးတခွက်မှာကာသူ့အားထိုင်စောင့်နေခဲ့လျက် ........
ခဏအကြာ Taeအနားရောက်လာခဲ့တဲ့ခြေသံလေးတစ်ခု ....... ဒီခြေသံဟာသူ့ခြေသံဆိုတာမေးစရာမလိုအောင် Taeရင်ထဲတွင်အမှတ်ရနေခဲ့လျက် .......

"Tae - Jeonလား........"

"Jeon - ဟင် ကိုယ်နှုတ်တောင်မဆက်ရသေးဘူး Taeကသိနေတယ်ကော....."

"Tae - သိတာပေါ့...... Jeon ခြေသံတွေကို မှတ်မိနေပြီလေ"

"Jeon - Taeကတော်တာဘဲ........"

❀ အမုန်း၌ဖြစ်တည်သော ❀ [ Completed ] Where stories live. Discover now