< 13 >

14.7K 1.3K 65
                                    

#Unicode
ည၏အေးမြမြလေထုက တချက်တချက် စိမ့်ခနဲစိမ့်ခနဲတိုက်ခတ်နေသည် ။ မှောင်မိုက်မိုက်ကောင်းကင်မှာ ကြယ်ရောင်လေးတွေကတလက်လက် ။ လမင်းကြီးကားဒီညတွင်မသာ .... ထို့ကြောင့်လည်း မဟူရာကောင်းကင်ထက် ငွေကြယ်ပွင့်တို့၏အလှတရားကပိုလို့တိုးနေသယောင်ရှိသည် ။

ရေးလက်စဒိုင်ယာရီစာအုပ်လေးကိုပိတ်လိုက်ပြီး မှောင်မိုက်မိုက်ကောင်းကင်ထက် ကြယ်လေးတွေကိုအကြောင်းမဲ့ငေးကြည့်နေမိသည် ။ ကြယ်လေးတွေကသူ့ရဲ့အပေါင်းဖော်များစွာနဲ့ လောကကိုအလှဆင်လျက်ရှိသည် ။ ကြယ်လေးတွေမှာအဖော်ရှိသေးသည် ။ သူ့မှာကော ..... သူ့မှာလည်းတချိန်တခါက ဒီကြယ်လေးတွေလိုဘဲ ချစ်ခင်ရတဲ့မိသားစုအသိုက်အမြုံလေးရှိခဲ့သည် ။ အခုတော့သူ့ဘဝဟာ အထီးကျန်မှုတွေနဲ့ ခရီးလမ်းကြမ်းကြမ်းကို တယောက်တည်းလျောက်ခဲ့ရတာကြာပြီဘဲ။ အတွေးစတို့ကိုဖြတ်တောက်ကာ ဒိုင်ယာရီစာအုပ်လေးကိုစာကြည့်စားပွဲရဲ့ အံဆွဲ ထဲမှာ သေချာစွာသိမ်းထားလိုက်မိသည် ။ သူ့ရင်ထဲကမွန်းကြပ်မှု နာကျင်မှုအချို့ကိုလည်း ထိုဒိုင်ယာရီလေးနှင့်အတူ အံဆွဲ ထည့်သိမ်းလိုက်ပြီဖြစ်သည် ။ သူမှလွဲလို့ဒီစာအုပ်လေးထဲကအကြောင်းတွေကိုမည်သူသိနိုင်အုန်းမည်လည်း။

အခန်းမီးပိတ်ကာ အိပ်ယာပေါ်သာလှဲနေပေမယ့် မျက်လုံးတွေကိုပိတ်လို့မရသေး .... ပိတ်လို့မရတာက အိပ်လို့မရသော ရင်ထဲကဝေဒနာကြောင့်ပင်ဖြစ်သည် ။  သူဖြစ်ချင်သော သူစောင့်မျှော်နေသောအခြေအနေအနေအထားတို့ကို စိတ်တိုင်းကျခြယ်လှယ်နိုင်သောအနေအထားတခုကိုရောက်လာခဲ့ပြီဖြစ်ပေမယ့် တကယ်တမ်းဒါတွေဟာသူလိုချင်နေသောအရာတွေဟုတ်ရဲ့လား ပြန်ဆန်းစစ်မိသည် ။ လူတွေက ကိုယ့်ရည်မှန်းချက် ကိုယ်မျှော်မှန်းထားသလိုဖြစ်လျှင်ပျော်ကြသည် ဝမ်းသာကြသည် ကြည်နူးကြသည် ။ အဒါဆိုလျှင်သူကကော သူအနှစ်နှစ်အလလ စောင့်မျှော်နေခဲ့သောအစီအစဉ်ကြီးအကောင်ထည်ပေါ်လာပါလျက်နဲ့သူဘာလို့မပျော်နိုင်ရတာလဲ ..... သူဘာတွေကိုနာကျင်နေသလဲ .... သူဘာတွေကိုခံစားနေသလဲ ။ နာကျင်စေသည့်သူများကိုနာကျင်စေချင်သည့်အပြင် မနာကျင်စေချင်သည့် သူကိုပါနှိပ်စက်နေမိသည့်အတွက် သူ့ကိုလောကကြီးကစိတ်ဆင်းရဲမှုတွေအဖြစ်ပြစ်ဒဏ် ပြန်ခတ်နေသလား ။ ဟုတ်တယ် ..... မနာကျင်စေချင်ဘူး .... တယောက်သောသူကို သူ့ရင်ထဲကနက်နက်ရှိုင်းရှိုင်းနေရာကနေမနာကျင်စေချင်ဘူး ။ ဒါပေမယ့် နာကျင်စေမိတယ် ..... တွေ့မြင်တဲ့အချိန်တိုင်းမှာ မြတ်နိုးယုယမှုတွေမပြောနှင့် ညှင်သာစွာဆက်ဆံမှုလေးတောင်သူမပြုမူမိခဲ့ဖူး ။ ထိုအပြုအမူတွေအတွက် သူပျော်လား ..... သူတကယ် ပျော်နေလား .... ဟင့်အင်း ....မဟုတ်ဖူး .... သူမပျော်ဘူး သူနာကျင်နေရတာ ... တခြားသူတွေထက်သူ့ဘာသာသူအသိဆုံး သူသိပ်နာကျင်နေရတာ ။ တခြားသူတွေကိုသာလိမ်လို့ရရင်ရမည် သူ့ကိုယ်သူလိမ်လို့မရဘူးဘဲ ။

❀ အမုန်း၌ဖြစ်တည်သော ❀ [ Completed ] Where stories live. Discover now