#Unicode
တိတ်ဆိတ် သောဆေးရုံအခန်းအတွင်းဝယ် ငြိမ်သက်စွာထိုင်နေသော လူသားလေးတဦး ......... ပြတင်းပေါက်မှတိုးဝင်တိုက်ခတ်လာတဲ့လေပြည်လေညင်းလေးတွေက သူ့ရဲ့လှပလွန်းတဲ့ရွှေအိုရောင်ဆံနွယ်လေးတွေကိုဖြေးညှင်းစွာတိုက်ခတ်နေလေ၏....... မဲနက်သွယ်တန်းနေသောမျက်ခုံးလေးတွေ......ကြည်လင်ဝိုင်းစက်နေသောမျက်ဝန်းလေး......နုထွေးထွေးနှုတ်ခမ်းလေးနှင့်အတူ နှာဖျားလုံးလုံးလေးထက်မှ အနက်ရောင်မှဲ့လေးတို့ကြောင့် ထိုလူသားလေးဟာချစ်ခြင်းမြတ်နိုးဖွယ်အတိဖြင့်လှပနေလေရဲ့ ........ထိုစဉ်အခန်းထဲဝင်လာသောခြေသံတချို့ကြောင့်သူဟာနားစွင့်ကာ.....
"Tae - ဘယ်သူလဲ....."
"Doctor - ဟုတ်ကဲ့ လူနာKim Tae Hyung ဆေးရုံကဆင်းလို့ရပါပြီ ..... မျက်စိအလင်းပြန်ရဖို့နောက်တကြိမ်ခွဲစိတ်မှုတော့ထပ်လုပ်ရပါမယ် ....... နောက်တကြိမ်ခွဲစိတ်မှုအတွက်မိသားစုနဲ့တိုင်ပင်ပါ ...... အခုလောလောဆယ်တော့ ဆေးရုံကဆင်းပြီးအိမ်မှာအနားယူလို့ရပါပြီ......ကျွန်တော်တို့ကိုခွင့်ပြုပါအုန်း"
"Tae - ကောင်းပါပြီ doctor "
အခန်းထဲမှဆရာဝန်ကြီးထွက်သွားတော့သူ့တယောက်တည်းသာကျန်ခဲ့လျက် .......
လှပသောမျက်ဝန်းလေးတွေဟာ မမြင်ရဘူးပြောလျင်ဘယ်သူကယုံမည်တဲ့လဲ......... အခုလိုဘဝလေးကိုသူပိုလို့နှစ်ခြိုက်နေမိသည် ........ မမြင်ရလည်းနေပါစေ အခုလိုအခြေအနေလေးကသူ့အတွက်ပိုကောင်းသည်မဟုတ်ပါလား ......
လူအမြင်မှာတော့သူဟာ အရာရာပြည့်စုံတဲ့ သူဋ္ဌေးသားလေးတယောက် ..... တကယ်တမ်းကျတော့စိတ်ထားပျော့ညံလွန်းတဲ့သူ့ကိုမိသားစုကပင်အရေးအရာမလုပ်ခဲ့သည်မဟုတ်ပါလား ........ Omma ရှိစဉ်ကဆိုလျင်သူ့အပေါ်နွေးထွေးမည့်သူရှိသေးသည် ...... ommaကွယ်လွန်ပြီးနောက်ပိုင်းသူဟာတကောင်ကြွက်ပမာ ...... appa ကိုယ်တိုင်ကိုက ပျော့ညံ့လွန်းသည့်သူ့ထက် ရဲရင့်ထက်မြတ်တဲ့အကိုဖြစ်သူကိုသာငယ်ငယ်တည်းကပင်အရေးပေးဆက်ဆံခဲ့သည်သာ....... သူဟာ မရက်စက်တတ် .....သနားကြင်နာတတ်သည် ထိုစိတ်တို့ဟာ appaလုံးဝနှစ်သက်သဘောကျသည့်စိတ်ထားအပြုမူတို့မဟုတ်ခဲ့ပေ......အခုအချိန်အိမ်ပြန်လျင်ကော အိမ်တွင်ဘယ်သူရှိမည်တဲ့လဲ....... အချုပ်ထဲရောက်နေတဲ့ appa အရင်လိုကြိုဆိုမယ့် omma ကလည်းမရှိ....... သူ့အပေါ်မနှစ်သက်သည့်အကိုကြီးသာရှိသည်မဟုတ်ပါလား .........
တွေးရင်းဖြင့်ပင်ရင်၌လေးလံခြင်းကိုခံစားရလျက်.........
ESTÁS LEYENDO
❀ အမုန်း၌ဖြစ်တည်သော ❀ [ Completed ]
Fanficရန်သူ၏မျိုးဆက်မည်သည်သနားရာမရောက်....... သူ့ထံ၌ကျရှုံးသောရန်သူမည်သည် သုံ့ပန်းမျှသာ....... သနားကြင်နာခြင်းအလျဉ်းမရှိသော ရက်စက်သောဘဝတွင်သာရှင်သန်ရမည်......... Jeon Jung Kook 💜 ထားရာနေ စေရာသွား ပေးရာယူ ကျွေးရာစားကာ...