#Unicode
"ဒယ်ဘုန်း .... ငါသတိမရတဲ့အချိန်တွေမှာ မင်းသခင်ကြီးလာခဲ့သေးလား ""ဟုတ် လာပါတယ်သခင်လေး "
"ငါဒီနေ့ဆေးရုံဆင်းမှာသူမသိဘူးလား "
"ဟုတ် သိပါတယ် "
ဒယ်ဘုန်းကမေးသမျှကိုပြန်ဖြေရင်း သူ့အလုပ်သူဆက်လုပ်နေသည် ။ သူလည်းဆက်မမေးဖြစ်တော့ ။
သတိမရတဲ့အချိန်တွေတုန်းကလာခဲ့တာဘဲ သူကဘာကိုထပ်ပြီးမျှော်လင့်နေသေးတာလည်း ။ သူများတွေလို ဆေးရုံကဆင်းလို့ဝမ်းပန်းတသာ လာကြိုကြရအောင် Jeon နဲ့သူကအဲ့လိုဆက်ဆံရေးမှမဟုတ်တာလေ။မဖြစ်နိုင်တဲ့အရာတခုကိုတဖက်သတ် တမ်းတနေရတာ သိပ်ပင်ပန်းတာဘဲ .... ဒါပေမဲ့ ဒီပင်ပန်းမှုတွေမှာဘဲ သူကပျော်မွေ့နေပြီထင်ပါတယ် ။ Jeon ကိုလွမ်းတယ် .........
"သခင်လေး ပစ္စည်း တွေသိမ်းပြီးပြီ ပြန်ကြရအောင်လေ "
"အင်း "
အပြန်လမ်းမှာ နှင်းတွေကျနေခဲ့သည် ။ ပတ်ဝန်းကျင်မှာလည်းအေးစိမ့်လို့နေသည် ။ ကြိုဆိုမယ့်သူမရှိ နွေးထွေးတဲ့မေတ္တာတရားတွေမရှိတဲ့ သူ့အိမ်လေးကိုပြန်ရတော့မည် ။ မျက်ရည်တွေကိုထပ်မံလွတ်လပ်ခွင့်ပြုလိုက်တယ် ..... အလွမ်းတချို့ပါကောင်းပါသွားနိုင်ပါရဲ့။
>>>>>>>>>>>>
တင်းတောင် .......
"ဒယ်ဘုန်း ခြံရှေ့မှာဘယ်သူလဲမသိဘူး သွားကြည့်လိုက်ပါအုန်း "
"ဟုတ် သခင်လေး "
အိမ်ကိုလာစရာ Jeon ကလွဲရင်ဘယ်သူမှရှိတာမဟုတ်ဖူး ..... ဘယ်သူများလဲ ....
"သခင်လေးရေ .... လာပါအုန်း .... ပစ္စည်း တွေလာပို့တာတဲ့ "
ဒယ်ဘုန်းရဲ့စကားကြောင့် အ့ဩကာခြံထဲပြေးဆင်းလာမိသည် ။ လာမယ့်ဧည့်သည်တောင်မရှိတာ ပစ္စည်း တွေလာပို့တယ်ဆိုတော့အိမ်မှားလာတာများလား ....
"ဘယ်အိမ်ကိုလာပို့တာလဲမသိ "
"ဒီအိမ်ကိုပါ"
"ကျွန်တော် ဘာပစ္စည်းမှမမှာထားမိဘူး အိမ်မှားနေတယ်ထင်တယ်"
"မဟုတ်ဖူးခင်ဗျ အကို့နာမည် Kim Tae Hyung မလား .... အကို့ နာမည် လိပ်စာနဲ့ ပစ္စည်း တွေပို့ခိုင်းလိုက်လို့ပါ "
![](https://img.wattpad.com/cover/195870143-288-k847204.jpg)
ESTÁS LEYENDO
❀ အမုန်း၌ဖြစ်တည်သော ❀ [ Completed ]
Fanficရန်သူ၏မျိုးဆက်မည်သည်သနားရာမရောက်....... သူ့ထံ၌ကျရှုံးသောရန်သူမည်သည် သုံ့ပန်းမျှသာ....... သနားကြင်နာခြင်းအလျဉ်းမရှိသော ရက်စက်သောဘဝတွင်သာရှင်သန်ရမည်......... Jeon Jung Kook 💜 ထားရာနေ စေရာသွား ပေးရာယူ ကျွေးရာစားကာ...