#Unicode
ထူပူနေသောစိတ်က ခန္ဓာကိုယ်အနှံ့စီးဆင်း
လျက် ။ ငိုသံလေးစွက်ကာ အကူညီတောင်း
သံလေးက သူ့တကိုယ်လုံးသွေးတွေကိုဆူပွက်
စေတယ် ။ ကယ်ပါ Jeon ဆိုတဲ့နောက်ဆုံးကြား
လိုက်ရတဲ့အသံလေးမှာ ကြောက်လန့်ခြင်းတွေ
ပြည့်နှက်လို့ ။"ဟာကွာ ...."
"ခွမ်း .......ဝုန်း ......."
ဒေါသအရှိန်ဖြင့်စားပွဲပေါ်မှပစ္စည်းတွေက
ဟိုတစသည်တစ်စ။သူစောက်သုံးမကျလို့ ..
... သူသာ ယောင်းငယ်နောက်လိုလိုက်
ပေးခဲ့လျင် ။ ယောင်းငယ်တခုခုဖြစ်လျင်
သူ့ကိုယ်သူဘယ်တော့မှခွင့်လွှတ်မည်မဟုတ်။
ကားသော့ကိုအလျင်မြန်ကောက်ယူကာ
ယောင်းငယ်ပြောသောနေရာသို့သွားရန်
အလုပ်အမည်မသိ ph noတခုနှင့်ဝင်
လာခဲ့သောmessage တစ်စောင်။"ငါအခုပို့ထားတဲ့ လိပ်စာအတိုင်းလာခဲ့ ....
မင်းအကောင် Kim Tae Hyung ကို
အသက်ရှင်လျက်တွေ့ချင်သေးရင်ပေါ့
မင်းတစ်ယောက်တည်းတော့ဖြစ်ပါစေ"ဖတ်မိလိုက်တဲ့ message ကြောင့်မျက်လုံး
တွေပင်ပြာဝေလာခဲ့သည်..... ယောင်းငယ်
အခုလိုဖြစ်တာသူနဲ့ပတ်သတ်နေသည် ။
ဘယ်သူလဲ ဘယ်သူက ဘာအပြစ်မှမရှိတဲ့
ယောင်းငယ်အပေါ်အခုလိုလုပ်ရက်ရတာ
လဲကွာ။ ဆူပွက်နေသောသွေးတို့စီးဆင်း
နေသောခန္ဓာကိုယ်ဟာ အခုအချိန်မှာလူသတ်
ဖို့ပင်လုံလောက်သည် ။ယောင်းငယ်တခုခု
ဖြစ်လျင်ဘယ်လိုလူဖြစ်ပါစေသုတ်သင်
ပြစ်ဖို့ဝန်မလေးပေ ။ ကားသော့ကိုယူကာ
ပေးထားသောလိပ်စာအတိုင်း လိုက်လာ
ခဲ့တော့သည် ။ ကိုယ့်ကိုစောင့်နေပေးပါကလေး
ငယ် ဘာတွေဘဲဖြစ်ဖြစ် ကိုယ်လာတဲ့အချိန်
ထိအားတင်းပြီးစောင့်နေပေးပါကွာ.....။ကားလေးသည် မြို့အစွန်လမ်းမတွေဘက်သို့
အရှိန်ပြင်းပြင်းဖြင့်ဦးတည်လျက် ။.
.
.
.
.မှောင်မိုက်နေသော ဂိုထောင်ထဲမှာ အလင်း
ရောင်သည်မှုန်ပြပြ ။ Tae Hyung ရဲ့
တကိုယ်လုံးမှာ ဒဏ်ရာတွေကလည်းဗလပွ ။
တကိုယ်လုံးချည်ထားသောကြိုးတို့မှာ ရရှိ
ထားသောဒဏ်ရာတွေအပေါ်မှာမညာမတာ
တင်းတင်းကြပ်ကြပ်။ မျက်လုံးတို့ကိုအားယူ
ကာဖွင့်ကြည့်တော့ မိမိရဲ့ဘေးပတ်လည်မှာ
ဓာတ်ဆီများထည့်ထားရာ ဆီတိုင်ကီများက
ဝန်းရံလို့ ။ ဒါဘယ်နေရာလည်း ဘယ်နေရာ
ကိုသူရောက်နေတာလဲ ။
YOU ARE READING
❀ အမုန်း၌ဖြစ်တည်သော ❀ [ Completed ]
Fanfictionရန်သူ၏မျိုးဆက်မည်သည်သနားရာမရောက်....... သူ့ထံ၌ကျရှုံးသောရန်သူမည်သည် သုံ့ပန်းမျှသာ....... သနားကြင်နာခြင်းအလျဉ်းမရှိသော ရက်စက်သောဘဝတွင်သာရှင်သန်ရမည်......... Jeon Jung Kook 💜 ထားရာနေ စေရာသွား ပေးရာယူ ကျွေးရာစားကာ...