#Unicode
နှုတ်ခမ်းပါးပါးတို့မှတဆင့်မှုတ်ထုတ်လိုက်တဲ့ cigarette ငွေ့တို့ဟာ လှပသော သဏ္ဍန်တွေအဖြစ်ပြောင်းလဲကာ လေထုအတွင်းပျောက်ကွယ်သွားကြလေ၏......တလိပ်ကုန်သွားသည်....... နောက်တလိပ်ဆက်သောက်မိသည်......နောက်တလိပ်ကုန်တော့လည်း နောက်ထပ်သောအသစ်တလိပ်........
Cigarette ငွေ့တွေ့ကြားမှမြင်ယောင်နေသောမျက်နှာလေးတခု.........
ကျွမ်းကျင်သောစုတ်ချက်တို့ဖြင့်ရေးချယ်သောပန်းချီကားလေးတချပ်ကဲ့သို့လှပလွန်းသောမျက်နှာလေးကိုသူအမှတ်ရနေမိသည်မှာသူ့အလွန်တော့ဟုတ်မည်မထင် ........
အတွေးထို့၌ထိုကောင်လေးကမည်မျှဖမ်းစားထားခဲ့သည်မသိ သူအသိဝင်လာချိန် လောင်ကျွမ်းပြီး cigarette တို 5 ပိုင်းခန့်လောက်က ကြွေခွက်ဖြူဖြူလေးထဲတွင် နေရာယူပြီးဖြစ်လျက် .......
"Jeon - မင်းထူးဆန်းနေပြီဘဲ Jeon "
နှုတ်ခမ်းဖြားမှတိုးလျသောစကားကိုကိုယ့်ကိုကိုယ်ဆိုလျက် သူပြုံးမိ၏ ....... မည်သူတဦးတယောက်ကိုမှ စွဲလမ်းခြင်း အလျဉ်းမရှိခဲ့သော နှလုံးသားဟာ တခါမျှသာမြင်ဖူးသော တဦးတယောက်သောသူကိုတော့ထူးဆန်းစွာအမှတ်ရနေခဲ့လျက် ......
နောက်တကြိမ်ဆိုတာသာရှိခဲ့မယ်ဆိုရင် ထိုကောင်လေးနဲ့ဆုံတွေ့ချင်ပါသေးသည် ...... ဒီဆန္ဒဟာ အချစ်လို့အမည်တပ်၍မရသေးသော သူ့ရဲ့စွဲလမ်းမှုတခုအတွက်သာဖြစ်လျက် ........
❀ ❀ ❀ ❀ ❀ ❀ ❀
တီ...... တီ...... တီ ......
"Jeon - ဟယ်လို......"
စားပွဲပေါ်မှမြည်နေသောphအားကောက်ကိုင်လျက်သူပြန်ထူးမိသည် ........
"CEO Jeon စုံစမ်းခိုင်းတာတာရပါပြီ ...... "
"Jeon - ok ငါလာခဲ့မယ်...... ဘယ်နေရာလဲ ...... "
".........."
"Imm.........."
သိချင်နေသောအဖြေကိုသိရတော့မည်မလို့စိတ်၌ကြေနပ်ခြင်းဖြစ်ပေါ်လျက် .........
❀ ❀ ❀ ❀ ❀ ❀ ❀
ဒီမှာပါ CEO.......
စားပွဲပေါ်တင်ပေးလာသော စာအိတ်လေးကိုကြည့်ပြီး သူကြေနပ်စွာပြုံးလျက် .......
![](https://img.wattpad.com/cover/195870143-288-k847204.jpg)
ESTÁS LEYENDO
❀ အမုန်း၌ဖြစ်တည်သော ❀ [ Completed ]
Fanficရန်သူ၏မျိုးဆက်မည်သည်သနားရာမရောက်....... သူ့ထံ၌ကျရှုံးသောရန်သူမည်သည် သုံ့ပန်းမျှသာ....... သနားကြင်နာခြင်းအလျဉ်းမရှိသော ရက်စက်သောဘဝတွင်သာရှင်သန်ရမည်......... Jeon Jung Kook 💜 ထားရာနေ စေရာသွား ပေးရာယူ ကျွေးရာစားကာ...