#Unicode
ခပ်စူးစူးနေရောင်ခြည်က မျက်နှာပေါ်လာ
ရောက်ထိတွေ့ချိန် တမနက်၏နိုးထခြင်းက
တဖန်ပြန်စတင်ခဲ့သည် ။ နေအလင်းရောင်
တို့က နေရာအနှံ့ဖြာကျနေပေမယ့် ဆောင်း
၏မနက်ခင်းက အေးနေဆဲ ..... ။ ရင်ခွင်ထဲ
ကကောင်လေးကတော့ အခုချိန်ထိအိပ်မော
တွေကျလို့ ။ ညကကြမ်းတမ်းခဲ့တဲ့အမှတ်အ
သားတွေက ခန္ဓာကိုယ် နုနုလေးအနှံ့ဟိုတစ
သည်တစ်စ ။ ငိုထားတဲ့မျက်ရည်စီးကြောင်း
လေးတွေက ပါးပြင်လေးထက်ခြောက်သွေ့
လို့ ။တောင်းပန်ကြောင်းစကားကိုတော့စိတ်ထဲ
၌သာတိုးတိုးလေးရေရွတ်ကာ ဆိုမိတယ် ။
မြတ်နိုးခြင်းတွေနဲ့ ရိုးရှင်းတဲ့အနမ်းလေး
တစ်ပွင့်ကို မကျယ်မဝန်းနှဖူးလေးထက်ခြွေ
မိရင်းကြောက်ရွံခြင်းမရှိခဲ့ဖူးသောနှလုံးသား
မှာဒီလူသားလေးကို ဆုံးရှုံးရမှာကိုကြောက်
လာမိတယ် ။သူ့လက်မောင်းတို့ထက် ပါးလေးအပ်ကာ အိပ်
နေပုံလေးက အပြစ်ကင်းစင်လွန်းသော ကလေး
လေးတစ်ဦးလို ။ လောကရဲ့အလှည့်အပြောင်း
အရိုက်အခတ်တွေကြားမှာ ဒီကလေးလေးဘယ်
လောက်ပင်ပန်းခဲ့လဲ ဘယ်လောက်တောင်မှဝမ်း
နည်းခဲ့လဲ နာကျင်ခဲ့လဲ ။ ပါးပြင်လေးထက်ဖုံးအုပ်
နေတဲ့ဆံနွယ်လေးတွေကိုသပ်တင်ပေးတော့ ပေါ်
ထွက်လာတဲ့ပါးနုနုလေးတွေက တိမ်တွေကြားမှ
လမင်းလေးပမာ ။ တစ်နေရာမှအပြစ်ဆိုဖွယ်မရှိ
နူးညံ့သိမ်မွေ့စွာ လှရက်နိုင်လွန်းတဲ့လူသားလေး
က နူးညံ့သောနှလုံးသား ရင့်ကျက်တည်ငြိမ်သော
ခွင့်လွှတ်နားလည်မှုတွေနဲ့ နှလုံးသားကိုလည်းပိုင်
ဆိုင်ထားပြန်တယ် ။နောင်ဘဝဆိုတာအယုံကြည်မရှိတဲ့သူလိုလူ
ဟာ ဒီလူသားလေးနဲ့ ဘဝအဆက်ဆက် သံ
သရာခရီးလမ်းကို ဖြတ်သန်းချင်လာမိခဲ့တယ်။.
.
.တစိမ့်စိမ့် ကြည့်နေရင်းမှာပင် လှပလွန်းတဲ့မျက်
ဝန်းလေးတွေကဖွင့်ဟလာခဲ့တယ် ။ သူ့ကိုမြင်တော့
ရဲတက်လာတဲ့ပါးပြင်လေးနဲ့အတူ စောင်ဖြူဖြူ
လေးကို ရင်ဘတ်နားအထိ ကမန်းကတန်း ဆွဲ
တင်လို့ ။ တယောက်တည်းစောင်တွေဆွဲတင်
ဆံပင်တွေသပ်ချနဲ့ အလုပ်တွေများနေတဲ့
ကောင်လေးက မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့
မရဲတရဲခိုးကြည့်လိုက်သေးတယ် ။ အကြည့်ချင်း
ဆုံတော့ သူ့ခမျာမှာပျာယာတွေခတ်လို့ ။
VOCÊ ESTÁ LENDO
❀ အမုန်း၌ဖြစ်တည်သော ❀ [ Completed ]
Fanficရန်သူ၏မျိုးဆက်မည်သည်သနားရာမရောက်....... သူ့ထံ၌ကျရှုံးသောရန်သူမည်သည် သုံ့ပန်းမျှသာ....... သနားကြင်နာခြင်းအလျဉ်းမရှိသော ရက်စက်သောဘဝတွင်သာရှင်သန်ရမည်......... Jeon Jung Kook 💜 ထားရာနေ စေရာသွား ပေးရာယူ ကျွေးရာစားကာ...