Uni~
မုန်းလိုက်တာ!
ရိပေါ် မိုးခြိမ်းသံကို ကြောက်တယ်။
အမှောင်ကိုလည်း ကြောက်တယ်။
မိုးရာသီကို သိပ်မုန်းတယ်။ခေါင်မိုးပေါ် တတောက်တောက်ကျနေတဲ့ မိုးစက်သံတွေက ရိပေါ်ရဲ့ နားထဲမှာ ဗလောင်ဆူအောင် အူနေတယ်။
တွေးနေရင်း မိုးခြိမ်းသံ အကျယ်ကြီး ကြားလိုက်ရလို့ လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတဲ့ စောင်ကို ခေါင်းမြီး ခြုံလိုက်မိတယ်။
ခြောက်ကပ်နေတဲ့ ဒီမှောင်မဲနေတဲ့အိမ်ကြီးက အခန်းထဲမှာ သူတစ်ယောက်တည်း။
ဒီလောက်အေးနေတဲ့ ရာသီဥတုထဲမှာတောင် ဝမ်ရိပေါ် တစ်ယောက် စောင်ပုံထဲနစ်ပြီး ချွေးစေးပြန်နေတယ်။
ဒီညကို ဘယ်လို ဖြတ်သန်းပြီး အိပ်ရပါ့မလဲ။
မိုးရာသီ မြန်မြန် ကုန်သွားရင် ကောင်းမှာ။
~~~
စကိတ်လေးဟာ ကုန်းတက်အတိုင်း လေပေါ် တရိပ်ရိပ်လွင့်သွားတယ်။
ပြန်အချမှာ ရိပေါ်ရဲ့ အကွက်ဟာ ချော်ပြီး ယိုင်ချင်သွားတယ်။
ပုံမှန်ဆို ရှစ်ခေါက်ချိုးမျက်နှာနဲ့ ရိပေါ်ဟာ ဒီနေ့ ဆယ့်ခြောက်ခေါက်ချိုးလောက် ဖြစ်နေတာ ယွီပင်း မနက်ကတည်းက သတိထားမိတယ်။
ဒီနေ့ ဘာတွေ ဘူလာပါလိမ့်!
တွေးရင်းနဲ့ကို မျက်စိရှေ့က ရိပေါ်ဟာ သူမြတ်နိုးရပါတဲ့ ဆိုတဲ့ စကိတ်ကိုတောင် ခြေနဲ့ ကန်ချလိုက်တယ်။
သွားပြီ!
ဒီလောက်ဆို အခြေအနေက မဟန်တော့ဘူး။
ယွီပင်း သူ့တစ်ကိုယ်လုံးက အမွှေးတွေ ထောင်တက်လာသလို ခံစားရတယ်။ဘုရားရေ..
မိုးကြိုးပစ်ချတော့မှာလား။
မိုးကြိုး စက်ကွင်းထဲ ရောက်နေတာတော့ အမှန်ပဲ။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ မျက်စိထဲ စူးခနဲ။နေလည်း သာနေပါသေးတယ်။
ဟူး! သတ္တဝါအပေါင်း ဘေးမဲ့ပေးထားတဲ့ ဝမ်ရိပေါ်နဲ့ သူငယ်ချင်းတော် ရတာလည်း အရူးကို လင်လုပ်ရသလိုပဲ။
![](https://img.wattpad.com/cover/199417661-288-k307782.jpg)
YOU ARE READING
Miracle Rain ( WYB x XZ fanfic♡)*HIATUS*
Romance♡Wang Yibo x Xiao Zhan♡ မိုးသည်းသည်းကြား စခဲ့တဲ့ ကောင်လေး နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်~ ♡