Chapter 11~

3.3K 502 130
                                    

Zawgyi~

ရုံးဆင်းတော့ လမ်းဘေးမှာ မိုးရေတဖွဲဖွဲထဲ တာလပတ်လေးခင်းပြီး ကလစ်သေးသေးလေးတွေ ရောင်းနေတဲ့ အဘွားကို ရှောင်းကျန့် စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။

အဘွားကို နှုတ်ဆက်စကားပြောရင်း အားပေးတဲ့အနေနဲ့ ကြက်ပေါက်စရုပ်လေးပါတဲ့ လှုပ်တုပ်တုပ်ကလစ်လေး တစ်ခု ဝယ်ခဲ့တယ်။

သူ့ရဲ့ထီးကို အဘွားကို ပေးဖို့လည်း သေချာပေါက် မမေ့ခဲ့ဘူး။

~~~

လက်ထဲက ကြက်ပေါက်ရုပ်လေးကို ကြည့်ရင်း ရှောင်းကျန့် အိမ်ပြန်လမ်းတစ်လျှောက် ပြုံးနေမိတယ်။

အိမ်နားရောက်ခါနီး လမ်းကွေ့တစ်ခုအနားအရောက် ရန်ဖြစ်နေတဲ့ လူငယ်တစ်စုကိုတွေ့ရလို့ ရှောင်းကျန့် ကလစ်လေးကို အိတ်ထဲ ခပ်သွက်သွက်ထည့်သိမ်းလိုက်တယ်။

ကြည့်ရတာ အများနဲ့ တစ်ယောက်ဖြစ်နေသလို..
ကောင်လေးတစ်ယောက်ကို လူတွေဝိုင်းထားပြီး အဝိုင်းခံထားရတဲ့ ကောင်လေးက လာသမျှလူကို စကိတ်ဘုတ်နဲ့ တအုန်းအုန်း ထုနေတာ..

ထီးကို အဘွားကို ပေးထားခဲ့လို့ မိုးရေတွေကြား တပ်ထားလည်း မမြင်ရတာမို့ လည်ပင်းမှာ ချိတ်ထားခဲ့တဲ့ မျက်မှန်ကို ရေတွေ ပြောင်စင်အောင် ခပ်သွက်သွက်သုတ်ပြီး ပြန်တပ်ကာ ပြူးပြဲ ကြည့်လိုက်တယ်။

ဟုတ်ပါ့မလားလို့ စိတ်ထင့်နေခဲ့ပေမယ့် သူမှ သူအစစ်။

အနားကို ကပ်လာသမျှကောင်ကို စကိတ်ဘုတ်နဲ့ ထုလိုက်၊ လက်သီးစာ ကျွေးလိုက်၊ High Kick နဲ့ ကန်လိုက် ဟုတ်နေတာ။

"ရိပေါ်!"

ရှောင်းကျန့် အော်ခေါ်လိုက်တော့ ရှူးရှူးရှဲရှဲနဲ့ သွေးဆူနေတဲ့ လူငယ်လေးတွေရဲ့ အကြည့်အားလုံးက ရှောင်းကျန့်ဆီရောက်လာတယ်။

ရိပေါ် ရှောင်းကျန့်ကို တွေဝေငေးမောကြည့်နေတာကို အခွင့်ကောင်းယူပြီး ကောင်လေးတွေက သူတို့ ဆိုင်ကယ်ပေါ် အမြန်တက်ပြီး ပြေးသွားကြတယ်။

ရိပေါ်ကတော့ သူတို့ ဆိုင်ကယ်ထွက်သွားရာဘက်ကို
ကြည့်ပြီး ခြေတစ်ချက်ကန်လိုက်တယ်။

Miracle Rain ( WYB x XZ fanfic♡)*HIATUS*Dove le storie prendono vita. Scoprilo ora