Chapter ~7~

3.9K 517 90
                                    

Uni~

ခဏနေတော့ ရိပေါ် အခန်းထဲက ထွက်လာတယ်။
ဝတ်ထားတာက Oversize တီရှပ်ဖြူဖြူ နဲ့ တည့်ပွ ဂျင်းပြာနု ဘောင်းဘီလေးနဲ့မို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရ အဆင်ပြေပေမယ့် နားနှစ်ဖက်မှာတော့ ရှောင်းကျန့် မျက်စိ ဆံပင်မွှေးစူးတဲ့ အဲ့ဒီ့ သံမူလီကြီးတွေနဲ့။

မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို ပြတင်းက လှမ်း ကြည့်ရင်း ရှောင်းကျန့် ရိပေါ်ကို မျက်စောင်းထိုးလိုက်တယ်။

ဒီ့ထက်နောက်ကျရင် မိုးတွေရွာချတော့မှာ။ ဒါပေမယ့်လည်း ရိပေါ်ကို သူ စောင့်နေမိခဲ့တာပါပဲ။

ဆိုဖာပေါ်ကနေ ထပြီး အိမ်ထဲက ထွက်လာတော့ ရိပေါ်က နောက်ကနေ အိမ်မွေးခွေးလေးလို ခုန်ဆွခုန်ဆွနဲ့ ပွစိပွစိ ပြောရင်း ပါလာတယ်။

"ကော! ကျွန်တော် နောက်မကျဘူးလေ! မိနစ်နှစ်ဆယ်နဲ့ အပြီးထွက်လာတာကို ဘာလို့ အဲ့လို မျက်စောင်းကြီးထိုး--??"

"...."

"ကော! ကျွန်တော် ဝတ်ထားတာ ကြည့်ကောင်းတယ်မလား?"

"...."

"ကော! ကျွန်တော့်ကို ဘာလို့ စကားမပြောတာလဲ ?"

"...."

"ကော! မိုးတွေရွာတော့မယ်! ကျွန်တော် ထီးမပါလာဘူး! မိုးရွာရင် ကောနဲ့ အတူတူဆောင်းမှာနော်! ဒီချစ်စရာ ကောင်ချောလေးက နေမကောင်းဖြစ်လို့ မရဘူး! ဒီတော့ မိုးရွာရင် ကောကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး မိုးရေမစိုအောင် ထီးဆောင်းမှ ဖြစ်မှာ!"

"...."

နောက်ကနေ ရပ်လိုက်၊ ညာဘက်ကနေ ရပ်လိုက်၊ ဘယ်ဘက်ကနေ ရပ်လိုက်နဲ့ လမ်းသွားလမ်းလာတွေတောင် မျက်စိမူးအောင် ရိပေါ်တစ်ယောက် အငြိမ်မနေနိုင်ပဲ ပါလာတာ မှတ်တိုင်ရောက်တဲ့အထိ။

"ကော! ကောကော! ကျန့်ကော! Di Di Ai Ni ! Wo ai ni"

ဒီတစ်ခါတော့ ရိပေါ် ရှောင်းကျန့်ရဲ့ Attention ကို အပြည့်အဝ ရလိုက်တယ်။ မျက်နှာကြီးကို သုန်မှုန်ပြီး တည်ထားရာမှ မျက်လုံးကြီးပြူးပြီး ကြည့်လာတဲ့ ကောကို ရိပေါ် ဖက်ခနဲ မျက်လုံး တစ်ဖက် မှိတ်ပြရင်း ရယ်ပြနေပြန်တယ်။

Miracle Rain ( WYB x XZ fanfic♡)*HIATUS*Dove le storie prendono vita. Scoprilo ora