Chapter~8~

3.6K 559 68
                                    

Unicode~

"အင်း..သူ့ကို စိတ်ဝင်စားလို့မှ မဟုတ်တာ..။ ငါနဲ့ ရှေ့နှစ်လတောင် အတူနေရမယ့်သူအကြောင်းကို သိသင့်တယ်ထင်တာပဲ။ ဟုတ်တယ်။ ဒီတိုင်း သိသင့်တယ်ထင်လို့။ ဘာသဘောမှမရှိဘူး။"

ခေါင်းတစ်ချက် ညိမ့်ချပြီး ဆုံးဖြတ်ချက် ခိုင်မာသွားချိန်မှာတော့ Laptop က keyboard ပေါ် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့တဲ့ ရှောင်းကျန့်ရဲ့ လက်သွယ်သွယ်တွေဟာ ယခုချိန်မှာ လျင်မြန်စွာ ပြေးလွှားလှုပ်ရှားသွားတယ်။

^ဝမ်ရိပေါ်^

လက်တွေကို ရပ်တန့်လိုက်ချိန်မှာ Baidu ရဲ့ search box မှာ ပေါ်နေတဲ့ စာသား။ Enter ခေါက်လိုက်ပြီးချိန်မှာတော့ ကျလာတဲ့ သူ့သတင်းတွေဟာ အတန်းလိုက်။

တစ်ခုပြီးတစ်ခုဝင်ဖတ်ပြီးချိန်မှာတော့ ရှောင်းကျန့် ပါးစပ်တွေဟာ အဟောင်းသား ဖြစ်သွားရတယ်။

အိုး..ဒီလူငယ်လေးကို ငါ အတော် အထင်သေးခဲ့မိတာပဲ။

ဝမ်ရိပေါ်ဟာ ရှောင်းကျန့် သိထားပြီး ဖြစ်တဲ့အတိုင်း Wang Group ရဲ့ ဆက်ခံသူ။ အစ်ကို တစ်ယောက်ရှိတယ် ပြောကြတယ်။ အဲ့ဒီ့ အစ်ကိုကတော့ ခုထိ ဘယ်တုန်းကမှ လူလုံးထွက်မပြဖူးဘူး။ သားငယ်ဖြစ်တဲ့ ဝမ်ရိပေါ်ကပဲ အင်တာနက်ပေါ် ဟိုးလေးတကျော်ကျော်ဖြစ်နေတာ။

ဖြစ်ဆို အသက်က နှစ်ဆယ့်နှစ်ပဲ ရှိသေးပေမယ့် ခုချိန်မှာ Skate Club နဲ့ Cycle Showroom များကို ကိုယ့်အရည်အချင်းနဲ့ကိုယ် ပိုင်ဆိုင်ပြီး ကြီးကြပ်နေသူ။ ပြီးတော့ Yamaha ရဲ့ အတော်ဆုံး racer တစ်ယောက်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ဝါသနာနဲ့ အိပ်မက်တွေ ထပ်တူကျပြီး အောင်မြင်နေတဲ့ ဒီလူငယ်လေးကို ရှောင်းကျန့်လေးစားမိတာတော့ အမှန်ပဲ။

သူဆို အသက်က သုံးဆယ်နား ကပ်နေပြီဖြစ်တာတောင် Photographer ဆိုတဲ့ အိပ်မက်ကလေးက ခုချိန်ထိ ရေပေါ် အရုပ်ရေးသလို အရာ မထင်သေး။ ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို ဦးစားပေးနေရတာနဲ့လည်း အများကြီး ဆိုင်တာပေါ့။

ဆက်ကြည့်နေရင်း သူဆုရနေတဲ့ video တွေ တက်လာတာဆိုတာ မကြည့်ချင်မှအဆုံး။ comment တွေကို မျက်လုံးကစားကြည့်တော့ အကောင်းတစ်ဝက်၊အဆိုးတစ်ဝက်။

Miracle Rain ( WYB x XZ fanfic♡)*HIATUS*Where stories live. Discover now