Chapter 10~

3.1K 513 49
                                    

Zawgyi~

ကိုကို...

တွေ့တွေ့ချင်း ရိပေါ် အပြေးဖက်လိုက်တယ်။
ကိုကို့ရဲ့ အပြုံးတွေဟာ အရင်လို ချိုမြနေတုန်းပဲ။
တစ်လောကလုံးမှာ ရိပေါ် စိတ်တိုင်းကျ ကလေးဆန်ဆန်နဲ့ ချွဲနွဲ့ပြီး တာတေတူးသမျှကို သည်းခံပေးမယ့်သူဆိုလို့ ကိုကိုနဲ့ ကော အပြင်မရှိဘူး။ အဲ..ယွီပင်း ရှေ့ကျတော့ သူငယ်ချင်းမို့ cool guy image နဲ့ အထာကျချင်တာမို့ ကလေးလိုလည်း မနေမိဘူး။

ကိုကို့နာမည်က ဝမ်ရွှမ်းယွမ်..

ကွယ်လွန်သွားတဲ့ ဝမ်ဘိုးဘိုးရဲ့ အချစ်ခံရသော တစ်ဦးတည်းသော မြေးဦး။ ဝမ်ဘိုးဘိုးမှာ သားနှစ်ယောက်ရှိတယ်။ အငယ်ဖြစ်သူ ဝမ်ရိပေါ် ပါပါးက အိမ်က သဘောမတူတဲ့ ရုပ်ရှင်မင်းသမီးဖြစ်တဲ့ ရိပေါ် မာမားနဲ့ အတင်း လက်ထပ်ခဲ့တယ်။ ဒါ့ကြောင့် ဘိုးဘိုးဟာ ဘယ်တော့မှ ရိပေါ်ဆို အကောင်းမမြင်ဘူး။ ဘိုးဘိုးက ရိပေါ်ကို ငယ်ငယ်ကတည်းက အမြဲ အင်းဆက်တစ်ကောင်လို ကြည့်တတ်တယ်။

ရိပေါ်ရဲ့ ဦးလေး ဝမ်ဘိုးဘိုးရဲ့ သားအကြီးကတော့ လူကြီးတွေ စီစဉ်တဲ့အတိုင်း အိမ်က မြန်းပေးတဲ့ သံတမန်ရဲ့ သမီးနဲ့ပဲ လက်ထပ်ခဲ့တယ်။ ကံမကောင်းချင်တော့ ကိုကိုရဲ့ အသက် ဆယ်နှစ်အရွယ်မှာပဲ မိဘတွေဟာ ကား accident တစ်ခုနဲ့ ဆုံးပါးသွားခဲ့တာ။

ဒါ့ကြောင့်လည်း ဘိုးဘိုးက အမြဲ လိမ္မာပြီး အပြုံးချိုချိုလေးတွေ ရှိတဲ့ ကိုကို့ကိုဆို သိပ်ချစ်ပြီး အလိုလိုက်တယ်။

မားနဲ့ပါးဟာ အချစ်ပါတဲ့ အိမ်ထောင်ရေး တစ်ခုကို ထူထောင်ထားတယ်လို့တဲ့ ထင်ရပေမယ့် ဒါဟာ media တွေရှေ့မှာ သရုပ်ဆောင်မှုသက်သက်ပဲ။ မားဟာ သိပ်ပွေလီတယ်။

တစ်နေ့..

ရိပေါ် ခြောက်နှစ်အရွယ်လောက်မှာ...

အဲ့နေ့ညက မိုးတွေ တအားသည်းတယ်။ စံအိမ်ရဲ့ အခန်းအကျယ်ကြီးထဲမှာ ရိပေါ်လေးဟာ တစ်ယောက်တည်း။ ပြတင်းအပြင်ကို လှမ်းကြည့်ရင် အပြင်မှာ မြင်မြင်သမျှ အရာဟာ မည်းမှောင်နေတယ်။ အရိပ်မည်းမည်းကြီးတွေဟာ လိုက်ပြီး ကိုက်စားတော့မလိုပဲ။

ရိပေါ် မားတို့အိပ်ခန်းကို ပြေးထွက်လာခဲ့တယ်။ သူ အိပ်လို့မရဘူး။ မားတို့ရင်ခွင်ထဲမှာဆို အိပ်ပျော်ချင် အိပ်ပျော်မှာ။ တံခါးလက်ကိုင်ဘုကလေးကို လက်သေးသေးလေးနဲ့ တွန်းဖွင့်လိုက်တော့ ဆူညံနေတဲ့ အသံဗလံတွေပဲ ကြားရတယ်။

Miracle Rain ( WYB x XZ fanfic♡)*HIATUS*Where stories live. Discover now