Uni~
ဝမ်အိမ်တော်ရဲ့ ဧည့်ခန်းထဲမှာ ရိပေါ် တစ်ယောက်တည်း ရှေ့သွားလိုက်၊ နောက်သွားလိုက်နဲ့ ကြမ်းခင်းတွေ ချိုင့်ဝင်မတတ် အပြောင်းအပြန် လမ်းလျှောက်နေတယ်။
ဝန်ထမ်းတွေက ဒီအခြေအနေနဲ့ ရင်းနှီးနေတာမို့ မျက်ခုံးလှုပ်နေပြီ။
လက်ထဲက ရှောင်းကျန့်ရဲ့ Profile ကို ရေးထားတဲ့ စာရွက်ဖြူဖြူတွေကို ဖတ်နေရင်း မျက်မှောင်ကုပ်နေတဲ့ ရိပေါ် တစ်ယောက် တဖြည်းဖြည်း နှုတ်ခမ်းစွန်းလေးတွေက ကော့တက် နေအောင် ပြုံးမိသွားတယ်။
အသက်က ဖင်ဆောင့်နေပေမယ့် Dating History မရှိသေးဖူးပဲ..။ ကိုကိုလိမ္မာတယ်..။ ဒီက ဖူးစာရှင်လေးကို စောင့်နေတာပေါ့လေ။
အိမ်တော်က ဝန်ထမ်းတွေကတော့ ဝမ်ရိပေါ်ရဲ့ အပြုံးကို မမြင်ဖူးလို့ သူ့ထက်ငါလုကာ ပြူးပြဲ ကြည့်ပြီး ဖူးမြော်နေကြလေရဲ့။
~~~
^ဒေါက်! ဒေါက်!^
အိမ်ရှေ့ကို လာခေါက်တဲ့ တံခါးသံကြောင့် ရှောင်းကျန့် မိုးအေးအေးနဲ့ အိပ်ယာထဲကွေးပြီး ဇိမ်နဲ့ မှေးနေရာမှ တံခါး ထဖွင့်ပေးရသေးတယ်။
သူ့ဆီလာစရာ ဘယ်သူများရှိလို့လဲ။
တံခါးဖွင့်ကြည့်လိုက်တော့ ဟိုနေ့က ရစ်လုံးလေး။
အဝါရောင် အကျႌလေးနဲ့ လျှာထိုးဦးထုပ်ကို ဆောင်းထားပြီး လည်ပင်းနဲ့ လက်တွေမှာလည်း သံကြိုးအဖုံဖုံနဲ့။
နားမှာတောင် ချိတ်ကို နားဆွဲအဖြစ် ဝတ်ထားသေး။
တကယ့်ကို ကြောင်တောင်တောင်လေးပဲ။
ဒီခေတ်ကလေးတွေရဲ့ ဖက်ရှင် ရေစီးကြောင်းကို ရှောင်းကျန့် လိုက်မမီမှန်း သူ့ကိုယ်သူ သိပေမယ့် ဒီရှေ့က ပိုးဖြူလုံးလေးရဲ့ အူကြောင်ကျား ဖက်ရှင်ကို ပိုလို့ နားမလည်နိုင်ဘူး။
"ဘာလာလုပ်တာလဲ?"
"ယဉ်ကျေးမှု မရှိလိုက်တာ! ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို အိမ်ထဲတောင် မဝင်ခိုင်းသေးပဲ အဲ့လို ကြိုရလား???"
YOU ARE READING
Miracle Rain ( WYB x XZ fanfic♡)*HIATUS*
Romance♡Wang Yibo x Xiao Zhan♡ မိုးသည်းသည်းကြား စခဲ့တဲ့ ကောင်လေး နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်~ ♡