Uni~
နောက်နှစ်ရက်နေရင် ရိပေါ် ဆေးရုံက ဆင်းလို့ရပြီ ။
ခြေကျင်းဝတ်နည်းနည်းလည်သွားပြီး ပွန်းပဲ့ဒဏ်ရာနည်းနည်းပါးပါးပဲ ရသွားတာ။
မာမားတို့က သူတို့သားငယ်လေးကို ဒီလို ဖြစ်အောင် လုပ်တဲ့သူကို မကျေနပ်ပေမယ့် သူတို့ ရင်နှစ်သည်းချာလေး အကြောင်းကို သိနေတာမို့ ဘာတရားစီရင်မှုမှ မလုပ်မိဘူး။
ထုံးစံအတိုင်း အလုပ်တွေများနေလို့ ဆိုပြီး လူကိုယ်တိုင်တော့ မလာပဲ အစစအရာရာတော့ ငွေနဲ့ လှမ်း ဖြေရှင်းပေးထားတယ်။
ရိပေါ်အတွက် ဒါတွေက ရိုးနေပါပြီ။
ကုတင်လေးက စားပွဲမှာ ပုံနေတဲ့ မရိုးရနိုင်တဲ့ အမျိုးစုံသော အစားအသောက်တွေ ရောက်နေတယ်။
အကြိုက်ဆုံး strawberry waffles တစ်ခုကို ဖောက်စားဖို့လုပ်ရင်း အတွေးက ထိုကောင်လေးဆီ ရောက်သွားပြန်တယ်။
မျက်ဝန်းတောက်တောက်လေး။
နှုတ်ခမ်းဖူးဖူးလေး။
နှုတ်ခမ်းအောက်က မှည့်နက်လေး။နာလို့ ရှုံ့မဲ့နေတဲ့ မျက်နှာလေးကတောင် ချစ်စရာ ကောင်းနေတယ်။
ကြည့်ရတာ ရေစိုနေတဲ့ ယုန်ဖြူလေးလိုပဲ။
ရင်ထဲကို ပွေ့ဖက်ပြီး အနွေးဓာတ်ပေးထားချင်စရာ ကောင်းလောက်အောင် အသည်းယားစရာ ကောင်းတယ်။အို..မနေ့က သူ့ မျက်နှာကို ငါ အသေးစိတ် လိုက်ကြည့်နေခဲ့မိတာလား။
ကျစ်!
ဝမ်ရိပေါ် မဆန်လိုက်တာ။
ကြည့်ချင်းကြည့် ငါ့ကိုပဲ ကြည့်ရမှာလေ။
ငါလည်း ဒီလောက်ချောတာကို။မကျေနပ်ဘူး!
လက်ထဲက waffles ကို တစ်ကိုက်စား လိုက်တော့ ကောင်လေးရဲ့ မိုးရေရွှဲရွှဲထဲက နီရဲရဲ နှုတ်ခမ်းဖူးဖူးလေးကို မြင်ယောင်လာမိပြန်တယ်။
သူ့နှုတ်ခမ်းတွေကရော ဒီ strawberry waffles တွေလိုပဲ ချိုနေမလား။
Oh shit!!! ရူးနေလား ဝမ်ရိပေါ်!!!
ပါးကို ဖြန်းခနဲ ရိုက်ချလိုက်တယ်။
အာ့ နာလိုက်တာ။
စူပုတ်ပုတ်နဲ့ ကိုယ့်ပါးကိုယ် ခပ်ဖွဖွ ပြန်ပွတ်လိုက်တယ်။
YOU ARE READING
Miracle Rain ( WYB x XZ fanfic♡)*HIATUS*
Romance♡Wang Yibo x Xiao Zhan♡ မိုးသည်းသည်းကြား စခဲ့တဲ့ ကောင်လေး နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်~ ♡