Chapter 6~

3.8K 518 98
                                    

Uni~

မနက်ခင်းရောက်တော့ အမူးပြေသွားအောင် ရှောင်းကျန့် အိပ်ယာကနိုးနိုးချင်း သံပုရာရည် ဖျော်ဖို့ မီးဖိုချောင်ထဲ ရောက်နေတယ်။

သံပုရာသီးကို လှီးပြီး အရည်ညှစ်နေရင်း နောက်ကနေ ခါးကို လာဖက်တဲ့ လက်တစ်စုံကို ခံစားမိတော့ ရှောင်းကျန့် ရောင်ယမ်းပြီး လက်ကို လေပေါ်မြှောက်ရင်း သံပုရာသီးကို အားကုန် ညှစ်ချလိုက်တယ်။

"အား! သေပါပြီ! စပ်လိုက်တာ!"

ရိပေါ် သံပုရာရည် စင်သွားတဲ့ ဘယ်ဘက်မျက်လုံးကလေးကို လက်နဲ့ အုပ်ပြီး စူးစူးဝါးဝါးထအော်တယ်။

"ဝေ့!ဝေ့! ငါ့ကို ဘာလို့ နောက်ကနေ ရုတ်တရက် လာဖက်လဲ? ငါက လန့်တတ်တယ်!"

"ဟင့်! အဲ့ခါးသွယ်သွယ်လေးကို နောက်ကနေကြည့်ရင်း အသည်းယား လာလို့ပေါ့ဗျ!"

"ကြည့်ဦး! ခုတော့ မျက်လုံးယားရပြီမလား? လာ!လာ! ဆေးပေးမယ်!"

ဘေစင်ဆီခေါ်သွားပြီး မျက်လုံးကို ရေနဲ့ အသာအယာ ပွတ်ဆေးပေးတော့ အကောင်ပေါက်ကလေးက ငြိမ်ငြိမ်မနေပြန်ဘူး။
ခြေတွေ လက်တွေ ဆိုတာ ကြက်တွေပျံသလို လေထဲ တစ်ခါခါနဲ့။

"သက်သာလား?"

"ဟင့်အင်း! စပ်တယ်!"

ငါးနှစ်သားလေးလို ရှုံ့မဲ့နေတဲ့ မျက်နှာလေးကို မြင်ရတော့ ရှောင်းကျန့် ရင်ထဲ အောင့်သက်သက်နဲ့။

"မှုတ်ပေးရမလား?"

"အွန်း! မှုတ်ပေး! ဟင့်!"

ရိပေါ်ရဲ့ ခေါင်းလေးကို လက်နှစ်ဖက်နဲ့ သေချာ ထိန်းကိုင်ကာ ရှောင်းကျန့်လည်း ဘယ်ဘက် မျက်လုံးလေးကို တစ်ဖူးဖူးနဲ့ မှုတ်ပေးနေလိုက်တယ်။

"ရပြီလား?"

"မရသေးဘူး! ထပ်မှုတ်!"

"အင်း!"

ခဏကြာတော့ ရိပေါ် မျက်လုံးက သက်သာသွားတယ်။ ဒါပေမယ့် ရိပေါ်က ဘာမှမပြောပဲ ဇိမ်နဲ့ အမှုတ်ခံနေတုန်းပဲ။

နှုတ်ခမ်းလေး တထော်ထော်နဲ့ အားရပါးရ မှုတ်ပေးနေတဲ့ ယုန်ဖြူလေးကို ကြည့်ရင်း မနေနိုင် မထိုင်နိုင် အူယားလာလို့ နှုတ်ခမ်းလေးကို ပြွတ်ခနဲ ရိပေါ် နမ်းပလိုက်တယ်။

Miracle Rain ( WYB x XZ fanfic♡)*HIATUS*Tempat cerita menjadi hidup. Temukan sekarang