အာဏာရှင်ရဲ့ မီးအခန်း ၁၃ (ဇာတ်သိမ်းပိုင်)
💘💘💘💘💘💘💘💘
ဒီနေ့ဆို မီးလေး....သတိမေ့နေခဲ့တာ (4)လပြည့်ပြီဖြစ်သည်။
မီးလေး ဘယ်ချိန်ထိသတိမေ့နေခဲ့သည်ဖြစ်စေ၊ ကိုယ်အသက်ရှင့်နေသ၍ မီးလေးဘေးနာမှာပဲ ကိုယ်အမြဲရှိနေမှာပါ...မီးလေးရယ်.....
ကိုယ် မီးလေးနဲ့ စကားတွေ့အများကြီးပြောချင်ပြီကွာ....
အာဏာတစ်ယောက် သူမ လက်ဖဝါးနုနုလေးကိုဆုတ်ကိုင်လိုက်ရင် သက်ပြင်းလေးချသည်။ကိုယ်ဆီကို ပြန်လာခဲ့ပေးပါတော့ မီးလေးရယ်.....
မီးမီး လက်ကလေးကိုဖွဖွလေးဆုတ်ကိုင်ကာ...အသံမဲ့စကားအချိုကို ဆိုလိုက်ရင်...ယောကျာ်းတန်မဲ့ စီးကျလာသော မျက်ရည်သည် ထိုမှတဆင့်...ဆုတ်ကိုင်ထားသော မီးမီးလက်ပေါ်သို့ ......လှုပ်ရှားလာသည်...မီးမီး လက်တဖက်....
ဟင့်.... မီးလေး...
အာဏာ ထိုင်နေရာမှ အားရဝမ်းသာစွာဖြင့် ထရပ်လိုက်ရင် .....
အပြင် မှာဘယ်သူရှိလဲ..ဒေါက်တာ ခေါ်ပေးကြပါ.....
လူနာ သတိရလာပြီ.....အာဏာ မျက်ဝန်းမှမျက်ရည်စတွေ့ကို သုတ်ဖဲပစ်လိုက်ကာ....
မီးမီး လက်လေးကို ယုယစွာဆုတ်ကိုင်လိုက်ရင်း....
မီးလေး...မီးလေး.... သတိရလာပြီ....မဟုတ်လား....အချိန်ကြာမြင်စွာ မှိတ်ထားသည်မီးမီးရဲ့ မျက်ဝန်းများ ဖြည်းညင်းစွာဖွင့်လာခဲ့သည်။
မီးလေး.... ကိုယ်ကို ထားမသွားရဘူးနော်..... မျော်လင်တကြီး...မေးလိုက်သည် အာဏာ.. ..မီးမီး အာဏာ မျက်နှာလေးကို စက္ကန်ပေါင်းများစွာ....ငေးကြည့်နေပြီ....
သူမ ပါးစပ်လေးလှုပ်လာကာ...ရှင့် ဘယ်သူလဲ......
အာဏာ မျော်လင်မထားသော စကားလေးတစ်ခွန်း.....
💔💔💔💔💔💔💔💔💔💔
မဖြစ်နိုင်ဘူး...ကိုယ်ကို ၊ ကိုယ်ကို မီးလေး မသိဘူးဆိုတာ မဖြစ်နိုင်ဘူး...ထိုစကားကို ရင်ထဲမှာ ထပ်ကာထပ်ကာ ရွတ်နေမိပေမဲ့..နှုတ်ဖျားကတော့စကားသံတို့ ထွက်မလာ.....