**ငါဘယ်ရောက်နေတာလဲ**
ဆာ ဆာရန်ကော ခုနသူငါ့အနားမှာရှိပါတယ်
သူဘယ်ရောက်သွားတာလဲ....**ကလေးနိုးပြီလား**
**အမ်**
ငါဒီအိမ် မက်ထဲရောက်နေတာလား
ဘယ်လိုလုပ်ရမလဲ..**ကလေး ဘာလို့လဲ**
ငါ ငါမသိသလိုဟန်ဆောင်လိုက်တော့မယ်
**ခဗျားကဘယ်သူလဲ**
**ဟင်**
မင်းကြီးဆာရန်မှာ ခနမျှငြိမ်သက်သွားကာ
(ဒီနောက်ပိုင်း ဆာရန်နှစ်ယောက်ဖြစ်မှာမို့
အိမ်မက်ထဲကဆာရန်ကို မင်းကြီးလို့ပဲ သုံးတော့မှာပါ ရှုပ်ကုန်မှာစိုးလို့😉)**ခလေး ရေတံခွန်ပေါ်ကပြုတ်ကျတာလေ
မှတ်မိလား..**ဆိုလီ မသိဟန်ဆောင်ကာ
**ကျွန်တော်ဘာမှမသိဘူး ခဗျားကိုလည်း
မသိဘူး**မင်းကြီးမှာ မျက်နှာပျက်သွားကာ
**သမားတော်သွားခေါ်စမ်း**
**ဟုတ်ကဲ့အရှင်**
သမားတော်မှာခနမျှစမ်းသပ်ကြည့်ပြီးတော့
**သူ အဆင်ပြေပါတယ် အရှင်**
**အဆင်ပြေတယ်ဆိုသူဘာလို့ ဘာမှမမှတ်မိတာလဲ ဖြေစမ်း**
ဒေါသထွက်နေသောမင်းကြီးကိုကြည့်ကာ
သမားတော်မှာ တုန်ယင်နေကာ ပြန်လည်စမ်းသပ်ရန်အပြု...
ရုတ်တရက်....
ဆိုလီမျက်နှာတစ်ခုလုံးသွေးတွေစင်သွားကာ
ဆိုလီလန့်သွားပြီးအရှေ့ကိုကြည့်မိတော့....သမားတော်မှာ ခန္ဓာကိုယ်သာကျန်ရှိနေပြီး
ခေါင်းကဘယ်ဆီမှန်းမသိ...
မင်းကြီးလက်ထဲတွင်တော့ သွေးများစီးကျနေသော ဓားကိုကိုင်ဆောင်ထားလျက်...ဆိုလီမျက်နှာတစ်ခုလုံးဖြူ လျော်သွားကာ
စကားပင်မပြောနိုင်တော့...
မင်းကြီးကတော့ပုံမှန်အတိုင်းပင် ဓားကို
ပိုးစတစ်ခုနှင့်သုတ်လျက်...ဆိုလီအနားသို့
လျှောက်လှမ်းလာသည်....**ကိုယ့်ရဲ့ ခလေးလေး ညစ်ပတ်ကုန်ကုန်ပြီ**
ပြောကာ ဝတ်အဖြူ ကိုရေစွတ်ကာ ဆိုလီမျက်နှာ
ကိုသန့်စင်ပေးနေသည့် တည်ငြိမ်လွန်းတဲ့ပုံစံက
အလွန်ကျောချမ်းစရာဟု ဆိုလီထင်မိသည်..
![](https://img.wattpad.com/cover/196356053-288-k427904.jpg)