ဆိုလီ ဒီနေ့တော့ကျောင်းမနောက်စေရန်
အစောရီးထွက်လာခဲ့သည်...
အခန်းထဲတွင် တစ်ဦးတယောက်တောင်မရှိ
ဆိုလီမှောက်အိပ်နေလိုက်သည်
မိနစ်အနည်းငယ်ကြာတော့ တစ်ဦးပြီးတစ်ဦး
းရောက်လာကြသည် ထို့နောက်ဆရာဝင်လာသည်**အခန်း၂၄ကိုလှန်မယ်**
သင်ခန်းစာတစ်ဝက်ပြီးမှဆာရန်ဝင်လာသည် ဆရာလဲသူ့အားမဆူပေ ဆာရန်ကအတော်ဆုံးကျောင်းသား အားကစားကောကျောင်းစာပါ အဆင့်တစ်
သို့ကြောင့်လည်းမည်သူမျှသူ့အားဆူဆဲခြင်းမပြုကြ....ဆိုလီဘေးခုန်တွင်ထိုင်ကာ ပြန်မောက်အိပ်နေလိုက်သေးသည်.....
ဆိုလီစိတ်ထဲတွင်တော့ ဟူးသူတော်တော် မိုက်တာပဲ
ငါလည်းစာကြိုးစားပြီးသူ့လိုနေရမယ် ဟီးဟီး(ခလေးကအတုခိုးချင်နေပြီနော်😐)
ဆိုလီကျောင်းပြောင်းလာတာ တစ်ပတ်ခန့်မျှကြာပြီ
သူကျောင်းသားသစ်မဟုတ်တော့
အရာရာအဆင်ပြေနေပြီ ဆာရန်သူ့အားနာမည်ပြောပြီး
သည့် နေ့မှစ သူ့အားရှောင်နေခြင်းမှလွဲ ၍....ဆိုလီစကားပြောမည်ကြံတိုင်းလည်း ဆာရန်ကမသိချင်
ယောင်ဆောင်မြဲ.......
.
.ဒီနေ့တော့ရာသီဥတုကအင်မတန်သာယာလှသည်
ကောင်းကင်ကြီးကိုပြာလို့
အတန်းစတော့မည် ဆိုလီအပြေးလေးလာရသည်
သူအမြဲနောက်ကျတတ်သည် နောက်မကျသည့်ရက်
ဆိုသည်က မရှိသလောက်ပင် ဒီနေ့လည်းအခန်းထဲပင်
လူစုံနေပြီ သူ့တွက်မထူးဆန်းတော့
သူနေရာတွင်ဝင်ထိုင်ပြီး မကြာမီ
ဆရာမဆာဆာဝင်လာသည်**ကဲ အားလုံးပဲ ဒီနေ့ကျောင်းသားသစ် ရောက်တယ်
ကောင်းကောင်းကြိုဆိုကြမယ်နော် ကလေးတွေ****လာသားဝင်ခဲ့ ကိုယ့်ကိုကိုမိတ်ဆက်**
ကျောင်းသားသစ်အရပ်က ဆာရန်နီးပါးလောက်ရှည်သည်
ဆံပင်အရှည်ကိုနောက်ကစီးထားသေးသည်
မဲနက်နေသောဆံပင်ကြောင့်အသားကဖြူသယောင်
ဆိုလီစိတ်ထဲတွင်တော့ ယခုလိုတွေးကာ
ဆာရန်ဖက်တစ်ချက်ကြည့်လိုက်သည် သူဆက်တွေးသည် ဆံပင်အဝါကိုမှအုပ်အုပ်လေး မျက်ဝန်းက
တောက်တောက်နဲ့ ဝါထိန်ပြီးစူးရှတယ်
အရပ်က7ပေကျော် ခန္နာကိုယ်ကလည်း
တောင့်တင်းနေတာပဲ အသားကသူနဲ့နီးနှီးကို
ဖြူလိုက်သေး အတော်ဆွဲဆောင်မူရှိသည် ထိုကျောင်းသားသစ်ကတော့ ဆာရန်ကိုမမှီလောက်..