အပိုင်း ၁၉

2.2K 171 3
                                    

**ဆာရန် ဟီးဟီး**

နီဂို ဆာရန်နာမည်ကိုအကြိမ်ကြိမ်ခေါ်နေကာ
လိုက်ပြောင်နေတော့သည် ခန့်ညားလွန်းခဲ့တဲ့
ဆာရန်ကအခုဆို ပုပုသေးသေး ဝဝလုံးလုံးနဲ့
အပျိုတော်ထိန်းဖြစ်နေသည်လေ နီဂိုနဲ့ယှဉ်လိုက်
ရင်အရပ်က နီဂိုပုခုံးမှီတယ်ဆိုယုံလောက်သာ
ရုပ်ဆိုးရီးတော့မဟုတ် အရမ်းကိုချောမောတဲ့
မိန်းကလေးတယောက်ပင် သို့ကြောင့်လဲ
အသက်ငယ်ငယ်နှင့်အပျိုထိနိးဖြစ်နေခြင်း
ဖြစ်သည်..

**ဆာရန် ဆာရန်လို့**

နီဂိုကဘာမှမပြောင်းပေမဲ့ မင်းကြီးရဲ့
ဘယ်လက်ရုံးကိုယ်ရံတော်ဖြစ်နေခြင်းပင်..

**မင်းဘာဖြစ်နေတာလဲ ခနခနအဲ့နာမည်ခေါ်
နေရင်မင်းကြီးလာသတ်လိမ့်မယ် ရန်ရန်လို့ပဲ
ခေါ်စမ်းပါဟာ စိတ်ရှုပ်တယ် **

**ဟီးဟီး ခန့်ညားလွန်းခဲ့တဲ့ ဆာရန်လေးက
အခုတော့ ပုစိလေးပါလား ဟားဟား **

နီဂိုဆာရန်ကိုလိုက်စနေတာကို မြင်ရတဲ့အပျို
တော်တွေအကြားမှာတော့ အပျိုတော်ထိန်း
ရန်ရန်ကို ကိုယ်ရံတော်နီဂိုက သဘောကျနေ
သည်ဟုအတင်းတွေအဖျင်းတွေလွင့်ပြန့်နေ
တော့သည်...

**မင်းတို့ဘာရန်လုပ်နေတာလဲ မြန်မြန်အဲ့အစားအသောက်တွေသွားပို့ကြတော့လေ**

**ဟုတ် ဟုတ်ကဲ့ အပျိုတော်ထိန်းရန်**

အစားအသောက်တွေနှင့် ဆိုလီရှိနေသောအခန်းကို ဦးဆောင်လာနေရတော့ ဆာရန်စိတ်လှုပ်
ရှားနေမိသည် သူ့ဒီပုံစံကို ဆိုလီလေး
လုံးဝမှတ်မိနိုင်စရာအကြောင်းမရှိ...

**အစားအသောက်တွေခင်းပြီးပါပြီ
သုံးဆောင်လိုက်ပါဦး**

ဆိုလီ အိပ်ယာပေါ်မှောက်ယက်ကလေးလှဲ
နေရာမှလည့်ကြည့်သည် ဆိုလီပုံစံကိုကြည့်ကာ
ဆာရန်အလွန်ဒေါသထွက်မိသော်လည်း ဘာမှတော့မလှပ်ပေးနိုင်သေးပေ ဆိုလီသူ့ကိုအရင်မှတ်မိအောင် လုပ်ရဦးမည်လေ...

**ကျွန်တော်မစားချင်ဘူး ပြန်ယူသွားလိုက်**

**ကျွန်မဆိုလီကြိုက်တတ်တဲ့ ခရုဆန်ပြုတ်ပါ
ယူလာတယ် မမြည်းကြည့်တော့ဘူးလား**

Dreams Hikayelerin yaşadığı yer. Şimdi keşfedin