Unicode
နှစ်ပေါင်းများစွာကုန်လွန်ပြီးနောက်
အာာ ချီးပဲ ငါအိမ်မက်တွေထက်မက်ပြန်ပြီ
ငါ ငါ မမေ့သေးခင်ချရေးထားရမယ် မ မဟုတ်သေးဘူး recordပဲလုပ်တာပိုမြန်မယ်ခဗျားတို့သိလား ကျွန်တော် ထူးဆန်းတဲ့အိမ်မက်တွေမက်တယ် အိမ်မက်တွေက ဇာတ်လမ်းတွဲလိုပဲအပိုင်းဆက်နဲ့ဗျ ပြီးတော့ အိမ်မက်ထဲက
လူကတော်တော်ခန့်ညားတယ် သူ့ကိုကျွန်တော်ချစ်မိသွားတယ် ဟာသပဲနော် မမြင်ဖူးတဲ့သူကိုချစ်မိတယ်ဆိုတာ ကျွန်တော်အိမ်မက်တွေ မက်ရတာကြိုက်တယ် အဲ့တာကြောင့်ပဲ ခနခနအိပ်တယ် စာသင်ချိန်တွေမာကောခိုးအိပ်တယ် အအိပ်မက်လွန်းလို့ ကျွန်တော့်မာသူငယ်ချင်းတောင်မရှိဘူး အတန်းနားချိန်တွေ နေ့လည်စာစားချိန်တွေ နားချိန်တိုင်းအလွှတ်မပေးဘူးဗျ ဒါပေမဲ့ထူးဆန်းတာက အဲ့အိမ်မက်အစုတ်ပလုတ်က အဲ့လိုချိန်တွေဆိုမမက်ဘူးဗျ နောက်တစ်ခုကျွန်တော်သတိထားမိတာက ကျွန်တော်နေမကောင်းဖြစ်ချိန်တွေမှာမက်လေ့ရှိတယ်ဆိုတာပဲ အဲ့တာနဲ့ကျွန်တော် ဖျားဖို့အတွက်ရေတွေအကြာကြီးချိုးတယ် မိုးရွာရင် မိုးရေထဲရပ်နေတယ် အဲ့ဒီသောက်ပလုတ်သုပ် အိမ်မက်က တမင်ဖျားအောင်လုပ်ရင်လဲမမက်ဘူးဗျာ ဟဟ အဲ့တာနဲ့ကျွန်တော်ဆက်မကြိုးစားတော့ဘူး အိမ်မက်တွေဆက်မက်ဖို့ သူ့အလိုလိုပေါ်လာမဲ့အချိန်ကြိပဲစောင့်နေရတော့တယ်.....။။။။။။။။
အာာ ထီးမယူလာမိပြန်ဘူး မိုးကရွာတော့မယ်
ကောင်းကင်ကညိုမှိုင်းပြီးရုတ်တရက်သဲကြီးမဲကြီးကိုရွာချလိုက်သည်တည့်
အာားး ချီးပဲ စောက်မိုးစုတ် ငါအိမ်မရောက် .အ့
sorry sorryပါဗျ ကျွန်တော်မ မြင် လိုက် အ
သောက်ရမ်းချောတာပဲ ဂလု ငါကြိုက်မိတော့မယ်နော် ၁ ၂ ၃ ငါကြိုက်မိပြီ အီးး
ကျွန်တော့ရှေ့က ပြူးတူးပြဲသဲကောင်လေး သူကျွန်တော့ကိုကြည့်နေပုံက အရမ်းချစ်စရာကောင်းတယ်လိုခံစားမိတယ်
ဟေ့ မင်းအဆင်ပြေရဲ့လား ဟေ့ ငါပြေတာကြားရလား မကြားဘူးထင်တယ်
