ဆိုလီ အားနည်းစွာမျက်လုံးကိုဖွင့်မိသည်
**အားးးး ငါဘယ်ရောက်နေပြန်တာလည်း
ငါ ငါဆာရန်အိမ်မှာမဟုတ်ဘူးလား**ဘေးနားကဆူညံသံတွေ လူတွေကလည်း
ဝိုင်းအုံလို့**သခင် သခင် အဲ့ခလေးနိုးပြီ**
ငင့် ဘာလား ခလေး ငါ့ကိုများခလေးတဲ့
၂၀တောင်ပြည့်တော့မှာဟဲ့ ဟွင့်
အ့ ငါ့ငါ့လက်တွေကိုကြိုးတုပ်ထားတာလား**သူ့ကိုခေါ်ခဲ့**
**ဟုတ်ကဲ့သခင်လေး**
ဆိုလီအခန်းတခုဆီရောက်တော့ မြေပြင်ပေါ်
တွန်းလှဲခံရသည် ကြမ်းပြင်နဲ့ရင်ဘက်စောင့်မိ
သွားတော့ကြောင့် နာကျင်သွားရသည်**အ့ ဘယ်လိုကောင်တွေကတွန်းတာလဲ**
**ဟ မင်းက ထင်တာထက်သတ္တိရှိသားပဲ**
ထိုသူကို ဆိုလီမော့ကြည့်တော့ ဝတ်ရုံစိမ်းကို
ရှည်လျားစွာဝတ်ဆင်ထားပြီး
ဆံနွယ်တဝက်ကိုသေသပ်ထုံးကာတဝက်ကို
ဖားလျားချထားပြီး ကျောက်စိမ်းဆံထိုးကို
လည်းထိုးထားသေးသည် ထိုသူမှာတခြား
မဟုတ် ဆာရန် မှဆာရန်ပင်**ဆာ ဆာရန်**
ဘေးမှကိုယ်ရံတော်ဟုထင်ရသူတယောက်က
**ဘာ မင်းကများအရှင့်နာမည်ခေါ်ရဲတယ်**
စကားနဲ့ထပ်တူ ဗိုက်ပေါ်ကျလာသောကန်ချက်
ကြောင့်သွေးပင်အန်ထွက်သွားရသည်**အ့ မင်းတို့ ဘာလို့ငါ့ကိုကြိုးချည်ထားတာလဲ
သတ္တိရှိနေရင် ယှဉ်ချမယ်လေ****ဟဟ မင်းကများ လူကောင်က
မလောက်လေးမလောက်စားနဲ့
ယှဉ်ချင်သေးတယ်ပေါ့လေ အရှင် ခွင့်ပြုမယ်
ဆိုအဲ့ကလေးကို ကြိုးဖြည်ပေးပြီး ယှဉ်ပ့မယ်****အင်း ကောင်းပြီ သူကထွက်ပြေးနိုင်မှာလဲ
မဟုတ်ပါဘူး**အေးစက်စက်တည်ငြိမ်နေသောအသံမှာ
အရင်အတိုင်းမပြောင်းမလဲ ဆိုလီဒေါသ
ထွက်မိသည်..ခုချိန်သူကဘယ်သူဘယ်ဝါ
မှန်းမသိ ဘာလုပ်ထားလို့ဖမ်းခံထားရမှန်းလဲ
မသိ အရိုက်ခံအကန်ခံ မြေပေါ်လဲတွန်းချခံ
ရသေးသည် အတော်ကိုလွန်နေပြီလေ...