အပိုင်း ၈

3.3K 260 7
                                    

ဆိုလီပထမဆုံး ကျောင်းပြောင်းရက်မှာပင်
ကျောင်းနောက်ကျသည် ...ကျောင်းတံခါးရှေ့အရောက်

**ဟေ့မင်းကျောင်းနောက်ကျတယ် ရပ်နေ**

**ဟို ဆရာ ကျွန်နော်ဒီနေ့မှကျောင်းပြောင်းလာတာ**

**ပထမဆုံးကျောင်းတက်ရက်မှာတောင် နောက်ကျတယ်ဆိုတော့ တော်တော်ကိုစည်းကမ်းမရှိတာပဲ**

ဟင် ဘယ်လိုပြောပြောမရပါလား

**ကျွန်တော်လမ်းပျောက်နေလို့ပါ ဆရာ**

**အေး နောက်ခါမနောက်ကျစေနဲ ဝင်တော့**

ဆိုလီအပြေးတစ်ပိုင်းဖြင့် ဝင်သွားသည် ကျောင်းအုပ်ရုံးခန်းလိုက်ရှာရတေးသည်
မိနစ်ပိုင်းမျှရှာပြီးမှရုံးခန်းအားတွေ့သည်..

**မင်္ဂလာပါကျောင်းအုပ် ကျွန်တော်ကကျောင်းသားသစ် ဆိုလီပါ**

**အင်း ဆရာများရုံးခန်းက အရှေ့ဆုံးထောင့်က
ဆရာမဆီသွားလိုက်**

ဆိုလီကျောင်းအုပ်ရုံးခန်းကပြန်ထွက်ပြီး ဆရာများရုံးခန်းသို့ပြန်သွားရသည်ကျောင်းပြောင်းရတာ
တကယ်မလွယ်ပေ

ဆရာမထိုင်နေသောစားပွဲအနီး ဖောင်လေးချလိုက်သည်
အရင်ကျောင်းပြောင်းလက်မှတ်များနှင့် အမှတ်စရင်း
အပြစ်စရင်းများလည်းအပါအဝင် ဆရာမဖောင်ကိုသေချာစစ်နေသည် ...

**အင်း ငါ့နောက်လိုက်ခဲ့**

ဆိုလီဆရာမနောက်မှကပ်လိုက်သွားလိုက်သည်

အထက်တန်း ပထမနှစ် တန်းခွဲBရှေ့အရောက်

**ကဲဒီနေ့ မင်းတို့အတန်းကို ကျောင်းသား
သစ်ရောက်တယ် ဝင်လာခဲ့**

**ကိုယ့်ကိုယ်ကို မိတ်ဆက်ပါဦး**

**ကျွန်တော့နာမည် ဆိုလီပါ**
ထိုမျှသာ ဆိုလီဘာမှဆက်မပြော
အခန်းထဲကသူများကတော့ တစ်ယောက်တစ်ပေါက်

**ဝိုး**

**ဟ ဒါပဲလာ**

**အမလေးမာနခဲပဲ**

Dreams Donde viven las historias. Descúbrelo ahora