အပိုင်း ၂၂

1.8K 137 10
                                    

Unicode

ဆိုလီ မင်းကြီးအိပ်ခန်းမဆောင်ထဲရောက်တော့
တော်သေးသည်ဟိုဘုရင်စုတ်မရှိပေ
ဆာရန်အခုသူ့အနားမှာရှိသောကြောင့်ဆိုလီ
အခုဆိုဘာမျှမကြောက်တော့။။။။။

မင်းကြီးဆာရန်မှာညီလာခံအပြီးသူ့အိပ်ခန်းမ
ဆောင်ဘက်ဦးတည်လာခဲ့သည် လမ်းခုလပ်တွင်
တော့အ‌ပျိုတော်တချို့တီးတိုးစကားဆိုနေကြသည်ထိုအကြောင်းကအခြားမဟုတ်
စစ်တုန့်ပန်းကောင်လေးနဲ့မိဖုရားတို့ဖောက်ပြန်
နေကြောင်းချစ်ကြိုက်နေကြကြောင်းပင်
အနောက်ဥယျာဉ်တွင်လည်း ခနခနချိန်း‌တွေ့ကြ
ကြောင်း မကြားဝံ့မနာသာ စကားမျိုးစုံတို့ပင်

မင်းကြီးမာအလွန်ပင်ဒေါသထွက်သွားကာ
ထိုအပျိုတော်တို့ကိုခေါ်၍

**ဒီကိုလာကြစမ်း မင်းတို့က မိဖုရားအကြောင်း
ကိုတောင်ခုလိုနောက်ကွယ်မာ အတင်းအဖျင်း
ပြောရဲသေးတယ် ကိုယ်ရံတော် အခုချက်ချင်း
ဒီအပျိုတော်တွေကို စကားမဆင်မခြင်ပြော
ဆိုမှုနဲ့ ကြိမ်ဒဏ်အချက်၅၀စီရိုက်စေ**

**မှန်လှပါ အရှင် ကျွန်တော်မျိုး ဆောင်ရွက်လိုက်ပါ့မယ်**

ဒေါသအလွန်ကြီးနေသောမင်းကြီးကို အခု
မည်သူမျှတော့တားရဲမယ်မထင်ပေ
အခန်းထဲရောက်သော် ကုတင်ပေါ်ခွေခွေလေး
အိပ်နေသောဆိုလီကို အားနဲ့‌စောင့်ဆွဲ့ချလိုက်တော့ အင့် ခနဲ အသံမည်လျက် မြေပြင်ပေါ်
ပုံပုံလေးဖြင့် မျက်လုံးလေးများပြူးကာ
ဘာအခြေအနေမှန်းမသိ‌ အပြစ်ကငါးစင်သော
ပုံစံလေးက မင်းကြီးကို ပို၍ပင် ဒေါသထွက်စေ
တော့သည်

**ကလေးလေး ကို ကိုယ်တော်က အရမ်းအခွင့်အရေးပေးနေမိလို့ ရောင့်တက်နေတာလား
ပြောစမ်းပါ မိဖုရားနဲ့ ကလေးနဲ့ကဘာတွေလဲ**

**ကျွန်တော်ဘာမှမသိဘူး အခုဘာကို ဆိုလိုနေတာလဲ**

**ဟားဟား အခု ကလေးလေးက ကိုယ်တော့်
ကိုပါလိမ်နေတာလား**

**အရှင် ဘာကို‌ဆိုလိုတာလဲ ကျွန်တော်နဲ့မိဖုရား
နဲ့ဆိုတာက**

**ကိုယ်တော်တကယ်မထင်မိဘူး ကလေးက အခုကိုယ်တော့်ကိုပါလှည့်စားတတ်နေပြီပဲ
ကိုယ်တော့်မှာတော့ကလေးလေးကို ချစ်လွန်းလို့
တလောကလုံးဘာပြောပြော ဂရုမစိုက်ခဲ့ဘူး
အခုကလေးလေးက ကိုယ်တော့်ကို လှောင်ရယ်
စရာဖြစ်အောင်လုပ်လိုက်တာလား**

Dreams Wo Geschichten leben. Entdecke jetzt