Zawgyi
မနက်ခင်းအလင်းရောင်နေခြည်နွေးနွေးလေးများသည် ဂျိုဆောင်ပြည်ရဲ့ဈေးလမ်းမကြီးကိုဖြာကြလို့နေသည် မနက်ခင်းငှက်ကလေးတွေရဲ့တီတီတာသီချင်းသီကျူးသံလေးတွေရယ် ဈေးထဲမှအပြိုင်အဆိုင်ဈေးရောင်းနေကြသောဈေးသည်များ၏အသံများနှင့်ဂျိုဆောင်ခေတ်မနက်ခင်းလေးသည်အသက်ဝင်သာယာလှပလို့နေသည်
ထိုဈေးထဲတွင်ရှိသောဆံထိုးဆိုင်လေးတွင်တော့
ငယ်ငယ်ချောချောကောင်မလေးနှစ်ယောက်တို့သည်ဆံထိုးများကိုဝယ်ယူနေကြသည် တစ်ဦးမှာ
နန်းတွင်းတွင်ဘုရင်မှအားကိုးရသောဥာဏ်ပညာနှင့်ပြည့်စုံသည့်ပညာရှိအမတ်ကြီးယွန်း ရဲ့သမီးချောလေး ယွန်းဆောအင်ဖြစ်ပြီးတစ်ယောက်မှာတော့သူမရဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမလေးဖြစ်သည်"ဟဲ့ ဆောအင် ဒီအပြာလေးကပိုလှလား အဝါလေးကပိုလှလား"
ဆောအင်ဘေးကကောင်မလေးကသူမကိုဆံထိုးအဝါရောင်လေးနဲ့အပြာရောင်ဆံထိုးလေးကိုထောင်ပြပြီးမေးလေသည် ဆောအင်လည်းထိုဆံထိုးနှစ်ခုကိုသေချာကြည့်လိုက်ပြီး
"အင်းး ဒီအပြာလေးက်ိုကပိုလှတယ်မျက်စိပိုအေးတယ်"
ဆောအင်ကတော့အပြာရောင်ချည်မျှင်လေးတွေအပေါ်မှာပုလဲလုံးလေးတွေသီကုံးထားတဲ့ဆံထိုးလေးကိုလက်ညှိးထိုးပြီးပြန်ဖြေလိုက်သည်
"အေးနော်ဒါဆိုဒါလေးပဲယူလိုက်တော့မယ်"
သူမလည်းငွေသားရှင်းမယ်ဆိုပြီးအိတ်ထောင်ထဲမှာထည့်ထားတဲ့ပိုးသားအိတ်အနီလေးကိုထုတ်လိုက်တဲ့အချိန်မှာပင်အပြာရောင်ကိုရီးယားရိုးယာဝတ်စုံကိုဝတ်ပြီးဦးခေါင်းတွင်လည်းမျက်နှာအောက်ထိလုံသောဦးထုတ်ကိုဆောင်းထားသောသက်လတ်ပိုင်းလူတစ်ယောက်သည်ထိုပိုးသားအိတ်လေးကိုလုယူလို့ထွက်ပြေးသွားတော့သည်
"ဟဲ့ဟဲ့လုပ်ပါအုန်း ငါ့အိတ်ကိုသူခိုးခိုးသွားပြီ"
ထိုစကားကိုလည်းဆောအင်ကြားရော နဂိုထဲကမရိုးသားသောလုပ်ရပ်များကိုမကြိုက်သည့်သူမကိုအတော်ဒေါသထွက်သွားလေသည်
ВЫ ЧИТАЕТЕ
Even the time change
Любовные романыအချိန်တွေဘယ်လိုပဲပြောင်းလဲသွားပြောင်းလဲသွားသူမအပေါ်ထားရှိတဲ့အချစ်မေတ္တာတရားတွေကတော့ပင်လယ်ကြီးထဲမှာရှိတဲ့ရေတွေကုန်ခမ်းမသွားသလို ဘယ်တော့မှအဆုံးမသတ်အမြဲချစ်နေမှာပါ