Gift

430 56 3
                                    

(Unicode)

"အာ ကိုကို ကလည်းဆောအင်လည်းလိုက်ခဲ့မယ်လေနော်

နော်လို့"

ယွန်း အိမ်တော်၏ဧည့်ဆောင်ခန်းထဲတွင်ဖြစ်သည်။ဂျယ်ဟွန်းနှင့်မစိမ်းသညိ့နေရာဖြစ်သည့်စာအုပ်ဆိုင်သွားမည်ကိုဆောအင်ကသူ့ကိုခေါ်ရန်အတင်းပူဆာနေခြင်းပင်။

​ဆောအင်မှာလည်းအ​​​ ပြင်မထွက်ရသည်က​ကြာ၊ခိုးထွက်တော့လည်းအဆင်မပြေသည်မို့အခုလိုဂျယ်ဟွန်းကိုအပူကပ်ရခြင်းပင်။ဂျယ်ဟွန်းနဲ့ဆိုလူကြီးတွေကစိတ်ချသည်ကို။

တည်တည်ကြည်ကြည်နှင့်ငယ်ငယ်ထဲကစာကိုသာစိတ်ဝင်စားခဲ့​ဂေျယ်ဟွန်းမှာ​ဆောအင်နှင့်တော့အတော်ကွာခြားသည်။ထိုအကြောင်းတွေကြောင့်လည်းမိဘနှစ်ပါးစလုံးကဂျယ်ဟွန်းကိုစိတ်ချခြင်းပင်။

ဆောအင်မှာလည်းဆိုးသည်တော့မဟုတ်ပင်မဲ့ပြဿနာတော့ရှာတက်သေးတာကိုး။

"ဆောအင်ရာ နင်ကဘာလိုက်လုပ်မှာလဲ"

"ဆောအင်လည်းစာအုပ်ဖတ်ခြင်တယ်လေ"

ဂျယ်ဟွန်း၏အကျီလက်စကိုဆွဲပြီးတောင်းဆိုနေသည့်ဆောအင်မှာနှုတ်ခမ်းကြီးဆူပြီးမျက်လုံးလေပေကလပ်ပေကလပ်နှင့်။

"နင်ကဘာစာအုပ်ဖတ်မှာလဲ"

"ဟာဆောအင်လည်းဖတ်စရာရှိပါတယ် မီယောင်းပြောတယ်ဒီတစ်ခေါက်ထွက်တဲ့စာအုပ်ကအရမ်းကောင်းတယ်တဲ့"

ဂျယ်ဟွန်းဆောအင်ကိုမျက်မှောင်ကျုံ့ကာကြည့်လိုက်ပြီး

"ဆောအင် နင်ဖတ်တာတွေငါမသိဘူးမထင်နဲ့ နင်အချစ် ဝထ္တုတွေဖတ်နေတာမှတ်လား"

အမှန်ပင် ဂျယ်ဟွန်းလိုစာပိုင်း ပေပိုင်း ဗဟုသုတပိုင်းတွေကေိုတော့ဆောအင်လုံးဝကိုစိတ်မဝင်စားပါ။
အဲတာတွေအစား ဝထ္တုဖတ် ရတာကိုတော့ဆောအင်သဘောကြလှသည်။

"ဟာကိုကိုကလည်းဆောအင်ကအဲတာတွေပဲကြ်ိုက်တာကိုး အဲတာပဲဖတ်မှာပေါ့ ကိုကိုဖတ်နေတာတွေကအဲလောက်ပျင်းဖို့ကောင်းတာမဖတ်နိုင်ပါဘူး"

နှုတ်ခမ်းဆူပြီးဆောအင်တစ်ယောက်ပြန်ပြောလေသည်။

"မရဘူးမလိုက်နဲ့ နေခဲ့ပါဆောအင်ရယ်"

Even the time changeDonde viven las historias. Descúbrelo ahora