toxic

404 49 2
                                    


"ဟင်မဟုတ်ပါဘူး ကိုယ်ကမင်းကိုမိန်းကလေးတစ်ယောက်အနေနဲ့ကြိုက်တာ"

ဟင် ဘယ်လို။ညီမတစ်ယောက်အနေနဲ့မဟုတ်ဘူး။မိန်းကလေးတစ်ယောက်အနေနဲ့ကြိုက်တာ။သူက ကျွန်မကို။အား သေလို့ရသွားပြီ။
ဟင်သေလို့တော့မရသေးဘူး၊ဒီမှာအခုမှဖွင့်ပြောခံရတာ။

ကျွန်မလက်ကိုမလွှတ်ပေးပဲပြောနေတော့ကျွန်မရဲ့ကိုယ်လုံးလေးဟာသူ့ရင်ခွင်ကျိယ်ကြီးထဲမှာမြှပ်လို့။လေးနက်တည်ကြည်လွန်းတဲ့မျက်ဝန်းတွေနဲ့ပြောနေတဲ့သူ့က်ိုကျွန်မဘယ်လိုအင်အားနဲ့ငြင်းဆန်ရပါမလိမ့်။

"အဲဒါဆောအင်ရောကိုယ့်ကိုဘယ်လိုသဘောထားလဲဟင်"

မေးရက်လ်ိုက်တာမင်းသားရယ်။ရှက်လွန်းလို့မျက်နှာကြီးတောင်နီနေပြီ။သူ့ကိုကြည့်တော့လည်းကျွန်မပြန်ဖြေမဲ့အဖြေကိုစောင့်စားနေပုံ။

သူ့ကိုမကြည့်ဘဲဟိုကြည့်ဒီကြည့်နဲ့လုပ်နေမိတော့သူကျွန်မမေးဖျားလေးကိုသူ့ရဲ့ရှည်သွယ်တဲ့လက်လေးနဲ့ဆွဲမပြီးသူနဲ့မျက်လုံးခြင်း ဆုံစေသည်။

"ကိုယ်ကိုစိတ်ဆိုးသွားတာလားဟင်"

"ဟင် မဟုတ်ပါဘူး မဆိုးပါဘူး"

"ဒါဆိုဖြေလေ"

"ဆောအင်လည်းမင်းသားနဲ့ထပ်တူပါပဲ"

အောက်နှုတ်ခမ်းလေးကိုကိုက်ပြီးရှက်ကိုးရှက်ကန်းလေးဖြေလိုက်တော့သူ့မျက်ဝန်းလေးတွေမှာပျော်ရွှင်မှုအရောင်လေးများတောက်ပသွားတော့သည်။နီဆွေးဆွေးနှုတ်ခမ်းထူထူလေးမှာလည်းအပြုံး​ တွေ ချိတ်ဆွဲလို့။ကျွန်မတို့နှစ်ယောက်နားမှာလိပ်ပြာလေးတွေပျံသန်းနေသယောင်။

"ပျော်လိုက်တာ ဆောအင်ရယ်"

ပြောလည်းပြော တစ်ခါတည်းသူ့ရင်ခွင်ထဲကိုသွင်းပြီးတင်းကျပ်စွာဖက်လိုက်သောကြောင့်ဆောအင်မှာအသက်ရှုတောင်ကျပ်သွားခြင်သလ်ို။သို့သော်ငြားလည်းချစ်ရသူရင်ခွင်ထဲမှာမို့နွေးထွေးလှပါသည်။
ဆောအင်လည်းjinကိုပြန်လည်ထွေးပိုက်ထားသည်။

ဖက်ထားတဲ့ကောင်လေးမှာလည်းဝမ်းသာပြုံးတွေ၊အဖက်ခံထားရတဲ့ကောင်မလေးမှာလည်းရှက်ပြုံးတွေနဲ့။

Even the time changeWhere stories live. Discover now