(Unicode)
ဟီးဟီး
"မမလေး နေကောင်းရဲ့လား"
တစ်မနက်လုံးတစ်ယောက်တည်းပြုံးလိုက် ရယ်လိုက်နှင့်ဖြစ်နေသော ဆောအင်ကို မီဆိုကအထူးအဆန်းဖြစ်နေသဖြင့်မေးလိုက်သည်။
"မမလေး"
အခုလည်းကုတင်ပေါ်တွင်ထိုင််ကာခေါ်မကြားအော်မကြားတစ်ယောက်တည်းရယ်နေပြန်ပြီဖြစ်တဲ့ဆောအင်ကြောင့်မီဆီုတော်တော်အခက်တွေ့နေပြီဖြစ်သည်။
"မမလေး!"
"ဟင် ဘာလဲ မီဆို မနက်စောစောစီးစီးဘာလို့အကျယ်ကြီးလာအော်နေတာလဲ"
ဟောတော့ဒီမမလေးနဲ့တော့ခက်နေပါပြီးဟုသာမီဆိုတွေးလ်ိုက်နိုင်တော့သည်။
"မမလေးကိုခေါ်နေတာကြာပြီ မမလေးမှမကြားတာ"
အဲလိုပြောလိုက်တော့မှအားနာသွားသည့်ပုံလေးဖြင့်လည်ပင်းနားကိုပွတ်သက်ကာပြောလိုက်သည်က
"miyan အတွေးလွန်သွားလို့ ဘာပြောမလို့လဲ""မမလေး တစ်ကယ်နေကောင်းပါတယ်နော်"
"ဟင်ကောင်းပါတယ် ဘာဖြစ်လို့လဲ"
မီဆိုအမေးကိုဆောအင်နားမလည်သလိုပုံစံဖြင့်ပြန်မေးလိုက်သည်။တစ်ကယ်လည်းနားမလည်ပါ အကောင်းကြီးရှိနေသေးတဲ့လူကိုနေကောင်းရဲ့လားလို့မေးတဲ့မီဆိုကိုဆောအင်အတော်ထူးဆန်းသွားသည်။
"မမလေး တစ်မနက်လုံးပြုံးနေတာလေ အဲတာကြောင့်"
"ဟင် ငါဘယ်မှာပြုံးလို့လဲ"
မီဆိုတစ်ယောက် သူ့ကိုမသိနားလည်တဲ့ပုံလေးနဲ့မျက်ခုံးနှစ်ဖက်ကိုကျုံ့ပြီးနှတ်ခမ်းလေးဆူကာပြောလာသောဆောအင်ကြောင့်ကိုယ့်နစ်ဖူးသာကိုယ်ပြန်ရိုက်လိုက်ခြင်တော့သည်။
"ပြုံးပါတယ် မမလေးကလည်းပြုံးတာမှ ပါးစပ်တောင်နားရွက်တပ်ချိတ်တော့မယ်"
"မီဆိုနော်မပြုံးပါဘူးဆို ထပ်ပြောရင်မီးဖိုချောင်ထဲမှာဟင်းချက်နေတဲ့အခါ ဟင်းတွေခိုးစားတာ အမေကိုတိုင်လိုက်မှာနော်"
မီဆိုကအစေခံဆိုပင်မဲ့ဆောအင်အတွက်တော့ညီမလေးတစ်ယောက်လိုသဘောထားရသူဖြစ်သည်။သို့ပင်မဲ့လည်းအလိုလိုက်ခံထားရတဲ့ဆောအင်ကတစ်ခါတစ်ရံအဲလိုလေးဆိုးတက်သေးသည်။
![](https://img.wattpad.com/cover/199707873-288-k745162.jpg)
YOU ARE READING
Even the time change
Romanceအချိန်တွေဘယ်လိုပဲပြောင်းလဲသွားပြောင်းလဲသွားသူမအပေါ်ထားရှိတဲ့အချစ်မေတ္တာတရားတွေကတော့ပင်လယ်ကြီးထဲမှာရှိတဲ့ရေတွေကုန်ခမ်းမသွားသလို ဘယ်တော့မှအဆုံးမသတ်အမြဲချစ်နေမှာပါ