As a girl

360 54 1
                                    

Unicode

ဒီနေ့နေသာတယ်။

အွန်း ဒါပင်မဲ့သူ့မျက်ဝန်းအ​ကြည့်တွေလောက်မတောက်ပနေဘူး။

နှင်းဆီနီနီတွေလည်းပွင့်နေတယ်။

ဒါပင်မဲ့သူ့နှတ်ခမ်းနီနီတွေလောက်ဆွဲဆောင်မှုမရှိဘူး။

တိမ်တွေလည်းဖွေးဖွေးလှုပ်နေတယ်။

ဒါပင်မဲ့သူ့ရဲ့အသားအရေဖွေးတာကိုမမှီဘူး။

အရမ်းချောလွန်းတဲ့သူ့ကိုအကြည့်မခွာနိုင်တာကျွန်မအပြစ်မဟုတ်ဘူး
အရမ်းချောလွန်းတဲ့သူ့အပြစ်။
သူ့ကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာကျွန်မကိုအသက်ရှုဖို့တောင်မေ့သွားသည်။

တစ်လှမ်းခြင်းလျှောက်လာတဲ့jinကိုဆောအင်တစ်ယောက်အကြည့်မခွာနိုင်။ကျယ်ပြန့်လှသည့်ပခုံးကြီးမှာလည်းအားကိုးခြင်စရာ။

တိုက်ခိုက်လာတဲ့လေပြည်လေညှင်းလေးတွေကjin၏ဆံပင်တွေကိုတိုးဝှေ့သွားသဖြင့်လေထဲမှာဝဲလို့။နေရောင်ခြည်သဲသဲလေးကလည်းjin၏မျက်နှာပေါ်ကိုသက်ရောက်နေပြီးရွှေအ်ိုရောင်လေးသန်းလို့နေသည်။

"ဆောအင်"

Jinနဲ့ဂျယ်ဟွန်းတို့နှစ်ယောက်ဆောအင်ရှိရာသို့လျှောက်လာကြသည်။ဂျယ်ဟွန်းမှာဆောအင်ကိုခေါ်နေသော်လည်းဆောအင်မှာမကြားနိုင်။သူမ၏အာရုံမှာအပြင်လောကမှထွက်ခွာသွားပြီးတစ်ယောက်သောသူဆီသာစိတ်ရောက်နေသောကြောင့်ဖြစ်သည်။

"ဆောအင်!"

"ရှင် ရှင်ဘာလဲ"

ဂျယ်ဟွန်းလည်းသက်ပျင်းဖွဖွချပြီး

"ဒီကိုဘာ​လာလုပ်တာ​​လဲလို့မေးနေတာဆောအင်ရေ သတိနည်းနည်းပါပါထားပါအုန်း"

ဆောအင်လည်းအခုမှသူမအဖြစ်ကိုသတိထားမိပြီးရှက်ရှက်နှင့်ပါးလေးတွေတောင်ရဲလို့နေသည်။

"ဟုတ်ကဲ့ပါက်ိုကိုရဲ့ ဆောအင်က မေမေခိုင်းလိုက်လို့မုန့်လာပို့တာ"

ပြောလည်းပြောမုန့်ဗန်းကြီးကိုလည်းဂျယ်ဟွန်းဆီအတင်းထိုးပေးလိုက်သည်။ဆောအင်ရှက်နေတဲ့ပုံက်ိုကြည့်ပြီးဂျယ်ဟွန်းမှာတော့ရယ်ကြဲကြဲနှင့်။စိတ်ထဲတွင်တော့ ငါ့ညီမလည်း ရှက်တက်သေးပါလားဟုတွေးနေလေ၏။

Even the time changeHikayelerin yaşadığı yer. Şimdi keşfedin