Masterpiece

410 54 2
                                    

Unicode

ဟူး

ကဲ ပြောရမယ်ဆိုရင်ဖြင့်ဒီလေးလံတဲ့သက်ပြင်းဟာဆိုရင်ဖြင့်မီဆိုထံမှဘယ်နှစ်ခါမြောက်မှန်းမသိတဲ့သက်ပြင်းပင်။

ထိုသက်ပြင်းများရဲ့အရင်းအမြစ်ကတော့တစ်ခြားမဟုတ်ပေ။စါးပွဲခုံအပုလေးပေါ်တွင်လက်နှစ်ဖက်ကိုထောက်ကာထိုလက်ပေါ်တွင်မျက်နှာအပ်ပြီးစိတ်ကူးကမ္ဘာထဲသို့လက်ပစ်ကူးနေသောဆောအင်ကြောင့်ဖြစ်သည်။

မမလေးရှုးနေပြီ။ဖြစ်နိုင်သည်မမလေးရှုးသွားတာပဲ​ဖြစ်မယ်။သခင်မကြီးကိုသွားပြောပြီးသမားတော်တွေပါတွေခေါ်ပြမှရတော့မယ်ထင်သည်။

မီဆိုသည်ထိုသို့တွေးလျှင်လည်းတွေးလောက်သည်။အကြောင်းမှာဆောအင်သည်တွေးလိုက်၊ပြုံးလိုက်၊ဆံထိုးလေးကိုပြန်ကြည့်လိုက်၊ပြုံးလိုက်၊တစ်ယောက်ထဲနှုတ်ခမ်းတွေကိုက်ပြီးရှက်လိုက်နှင့်ဖြစ်နေသည်မှာမနေ့ညထဲကယခုမနက်ထိပင်ဖြစ်သည်။

ယခုထိစားပွဲပေါ်တွင်ချထားပေးသောမနက်စာကိုလည်းဆောအင်သူမအတွေးတွေလောက်တောင်ဂရုမပြုနဂိုရှိသည့်အတိုင်းပုံပင်မပျက်။

မီဆိုလည်းမနေနိုင်တော့သည့်အဆုံး

"မမလေး မနက်စာလေးစားလိုက်ပါနော် ပြီးရင်သမားတော်ဆီသွားမယ်နော်"

သမားတော်ဆီသွားမယ်ဟူသောစကားကြားမှဆက်ကနဲခေါင်းထောင်လာပြီးမီဆိုကိုဘုကြည့်ကြည့်လာသောဆောအင်။ ကျန်တဲ့အရာတွေမကြောက်ရင်မကြောက် သို့သော်ဆောအင်မှာခါးလှသောဆေးများကိုတော့အလွန်မုန်းသူဖြစ်သည်။

"ဘာလို့သမားတော်ဆီသွားမှာလဲ ငါနေကောင်းပါတယ်"

မီဆိုကတော့သူ့မမလေးတစ်နည်းဆောအင်ကိုဝမ်းနည်းဖွယ်အကြည့်ဖြင့်ကြည့်လိုက်ပြီး

"မမလေးကမသွားခြင်ဘူးလား ရပါတယ်သမားတော်ကိုအိမ်​​​ခေါ်လိုက်မယ်နော်"

မီဆိုစိတ်ထဲတွင်တော့ဆောအင်တစ်ကာ်ရှုးသွားပြီလို့သာထင်နေမိသည်။ အမှန်ကဆောအင်မှာမြားနတ်မောင်ပစ်လွှတ်လိုက်တဲ့အချစ်မြားထိမှန်ပြီးအချစ်ဆိပ်တက်နေခြင်ဖြစ်သည်။

Even the time changeWhere stories live. Discover now