We meet again!

673 72 0
                                    

Unicode

သာယာလှပသောမနက်ခင်းတစ်ခုတွင်ဖြစ်သည်။

နေသူရိန်မင်းကြီးရဲ့တောက်ပသောအရောင်အဝါများကဖြာကြနေပြီးကျေးငှက်တေးဆိုသံများနှင့်ကြည်နှုးဖွယ်ရာအတိ။

ထိုအချိန်တွင်ဂျိုဆောင်ခေတ်နန်းတွင်းကြီး၏အရှေ့ဘက်ရင်ပြင်တော်တွင်၊ဓားရေးပြိုင်ပွဲကိုကျင်းပလို့နေသည်။

လက်ရုံးရည်သာမကလျင်မြန်မှု၊စူးစိုက်လုပ်ဆောင်နိုင်မှု၊ကာယဗလကြံခိုင်မှုတို့နှင့်ဆက်ဆိုင်နေသောပွဲတစ်ခုဖြစ်၍လူအများကစိတ်ဝင်စားကြသည်။

ပြိုင်ပွဲယှဉ်ပြိုင်နေသောကွင်း၏ဘေးဘက်တွင်တောပွဲဲ​ကြည့်သူပရိတ်သတ်အပေါင်းစည်ကားလိုရှိနေသည်။

တချွင်ချွင်ဓားသံများနှင့်လူအများရဲ့အားပေးသံများနှင့်ပြိုင်ပွဲ​ကြီး​ကတော့ဆူညံစွာအသက်ဝင်နေတော့သည်။

ထိုအဖြစ်အပျက်များကိုပွဲ​ကြည့်ဆင်တွင်ဂျိုဆောင်ခေတ်၏ဘုရင်ကြီးနှင့်မိဖုရားကြီးနှစ်ဦးကလည်းစိတ်ဝင်စားစွာကြည့်နေကြသည်။

ထို ပြိုင်ပွဲကို တော့အလွှာမျိုးစုံကလူတန်းစားများလာရောက်ယှဉ်ပြိုင်ကြသည့်အထဲတွင် အမတ်မှူးကြီးများ၏သားများသာမန်လူတန်းစားများနှင့်ဘုရင့်သားတော်များပါ ပါဝင်သည်။

ပြိုင်ပွဲအဆင့်ဆင့်ယှဉ်ပြိုင်လာပြီးနောက်တွင်တော့ နောက်ဆုံးလက်ရွေးဆင်တွေရဲ့ပြိုင်ပွဲသို့ရောက်လာတော့သည်။

နောက်ဆုံးပြိုင်ပွဲ​ဖြစ်သည့်အတွက်လူအများကအာရုံပိုစိုက်လာကြပြီးယှဥ်ပြိုင်သူတို့မှာလည်းအကောင်းဆုံးယှဥ်ပြိုင်နေကြသည်။

ထိုပြိုင်ပွဲကိုဘုရင်ကြီးကတော့ဂုဏ်ယူပြုံးကြီးကိုပြုံးပြီးကြည့်နေသည်။အကြောင်းမှာတော့အခြားမဟုတ်ထိုအသေအကြေအနိုင်ရရေးကြိုးပမ်းတိုက်ခိုက်နေသာလူနှစ်ဦးမှာထိုန်ိုင်ငံရဲ့မင်းသား၊တစ်နည်းဘုရင်ကြီး၏သားတော်နှစ်ဦးပင်ဖြစ်သည်။

ညီအစ်ကိုတွေဖြစ်ကြတဲ့သားကြီးKim Sooနှင့်သားငယ်KimJinတို့တိုက်ပွဲမှာအားမာန်အပြည့်နှင့်တစ်ယောက်ကမှလည်းလက်လျော့အရှုံးပေးမဲ့အရိပ်အရောင်တစ်စက်ကလေးမျှမတွေ့ရ။

Even the time changeWhere stories live. Discover now