(Zawgyi)
ရိပေါ် မနက်အိပ်ယာနိုးလို့အောက်ဆင်းလာတဲ့အချိန် ဧည့်ခန်းထဲမှာမြင်လိုက်ရတဲ့သူတွေကြောင့် အံ့သြသွားပေမဲ့ ဘာမှမဖြစ်သလိုပဲနေလိုက်ကာ ရေသွားသောက်လိုက်ပြီး...
"ဘာလာလုပ်တာလဲ??"
"ဒါ ကိုယ့်မိဘတွေကိုနှုတ်ဆက်တဲ့စကားလား??!"
ရိပေါ်မားမားက ဒေါသတကြီးပြောနေပေမဲ့ ရိပေါ်ကတော့ ဂရုမစိုက်တဲ့ပုံစံဖြင့် ထမင်းစားခန်းအပေါက်မှာ ဘယ်ဘက်နံရံကိုမှီလျက်..
"ဟုတ်တယ် ဘယ်တုန်းကများလာဖူးလို့လဲ??"
"မားတို့ကိစ္စရှိလို့လာတာ မင်းမိဘတွေကိုမြင်တာတောင် အနားမလာတာဘာသဘောလဲ??"
"မလာချင်လို့မလာတာ မားမားတို့ပြောစရာရှိတာပြောပြီး ပြန်တော့ Xuanနင်ကရော ဘာလာလုပ်တာလဲ??"
"ငါကနင့်ကိုတွေ့ချင်လို့ အန်တီတို့နဲ့လိုက်လာတာလေ"
"အော်..."
Xuanကမျက်နှာငယ်လေးနဲ့ပြောလိုက်ပေမဲ့ ရိပေါ်ကတော့ထုံးစံအတိုင်းအေးတိအေးစက်သာတုံ့ပြန်လာလေသည်..
"လာကြည့်စမ်းပါအုံး ဝမ်ရိပေါ်ဒါဘယ်ကကောင်လဲ??!!!"
ဓာတ်ပုံတွေကိုစားပွဲပေါ်ပစ်ချရင်း ဒေါသတကြီးပြောလာတဲ့ ပါးပါးကြောင့်ရိပေါ်အနားသွားလိုက်ကာ ဓာတ်ပုံတွေကိုကောက်ကြည့်လိုက်တော့ ရှောင်းကျန့်နဲ့မနေ့ညnight outထွက်တုန်းကပုံတွေ...
ရိပေါ်ဓာတ်ပုံကိုပြန်ချလိုက်ပြီး ခပ်အေးအေးပင်..
"ကျတော့်ချစ်သူ.."
"ဘာ!! ငါမင်းကို Xuanနဲ့သဘောတူထားတာ မင်းမသိလို့လား??"
"သိတယ်လေ ဒါပေမဲ့ ကျတော်မှသူ့ကိုမချစ်တာ လက်ထပ်စရာလား??? "
"မင်း!!..."
"ရိပေါ်ရေ ကျန့်ကျန့်လာတယ် ဘယ်မှာလဲ!!?"
ရိပေါ်ပါးပါးဒေါသထွက်ပြီး ရိပေါ်ကိုပြောဖို့ဆိုဖာပေါ်ကအထ အပေါက်ဝမှအသံကြားလိုက်ရ၍ အားလုံးရဲ့အကြည့်တွေသည် အိမ်ထဲဝင်လာတဲ့ ရှောင်းကျန့်ဆီသို့..
ရှောင်းကျန့်မှာ ဝင်ဝင်ချင်းမြင်လိုက်ရတဲ့သူတွေကြောင့် အံ့သြနေပေမဲ့ အားလုံးသူ့ကိုဝိုင်းကြည့်နေသည်ကိုမြင်လိုက်ရတာကြောင့် ပြေးဝင်လာတဲ့အရှိန်ကိုလျှော့လိုက်ပြီး အပေါက်လေးမှာတင်ခေါင်းလေးငုံ့ကာမတ်တပ်ရပ်နေလိုက်သည်။
